အခုရောက်နေတာကတော့ ညောင်ပင်ဈေးအနီးက မဟာဒီပဲရင်းတိုက်အတွင်းမှာရှိတဲ့ အက္ကပတ်မြင်းဝန်အုတ်ကျောင်းတော်ကြီးဆီဖြစ်သည်။ လုပ်နေကျအတိုင်း ဆရာတော်ဘုရားထံ ခွင့်ပန်ပြီးနောက် songနှင့်အတူ အုတ်ကျောင်းရဲ့အရှေ့မျက်နှာစာကို လျှောက်လာခဲ့သည်။
"သွားခဲ့တယ့် ကျောင်းတိုက်တွေလို မဟုတ်ဘူးနော်"
songက မေးလာသည်။ ရထာ ခေါင်းညိတ်ပြကာ...
"အင်း ဒီကျောင်းတိုက်က ထူးခြားတယ်၊ လူအတော်အများက စမြင်မိရင်တော့ ဘုန်းကြီးကျောင်းလို့ထင်မှာမဟုတ်ဘူး၊ ရဲတိုက်လိုလို ခရစ်ယာန်ဘုရားရှိခိုးကျောင်းလိုလို ဆိုတော့လေ၊ ဒါပေမယ့် ဟိုမှာ စေတီသုံးဆူတွေ့လား"
အဆောက်အအုံကြီးထိပ်မှာ စေတီသုံးဆူတည်ထားတာကို ရထာလက်ညိုးညွှန်ပြလိုက်သည်။
"အဲ့စေတီသုံးဆူရယ် မုခ်ခုံးက 'ကမ္ဘာ့မဏ္ဍိုင်ဆုတောင်းပြည့်စေတီ´ဆိုတယ့် စာတမ်းကြောင့် မြန်မာဘုန်းကြီးကျောင်းလို့ ထင်ရတာ"
"ကိုယ်တော့ မုခ်ခုံးတွေကို အရမ်းသဘောကျတယ်၊ ကိုယ် မုခ်ခုံးနားနေမယ် ဓာတ်ပုံရိုက်ပေးပါဦး"
songအလိုတော်ကျ ရထာဓာတ်ပုံရိုက်ပေးရပြန်သည်။ ပြီးရင်တော့ မုခ်ခုံးသုံးခုပါတယ့် ဆင်ဝင်တန်းမှ အလယ်မုခ်ခုံးကနေ အတူဝင်လာခဲ့သည်။ အလယ်တည့်တည့်မှာ အချင်း၁၅ပေလောက်ရှိတယ့် စက်ဝိုင်းဟောင်းလောင်းပေါက်ကြီးကို တွေ့ရပြီး ထိုအပေါက်က အမိုးထိဖြစ်သည်။ ပြီးရင် စက်ဝိုင်းပုံအလယ်မှာတော့ အုတ်ပလ္လင်ခံထားတယ့် လေးထောင့်အုတ်တံခွန်တိုင်ကြီးရှိပြီး တံခွန်တိုင်လေးဘက်လုံးတွင် မုခ်ခုံးလေးတွေနဲ့ ဆင်းတုတော်တွေ ရှိသည်။
"ကိုယ့်ကို ဒီအကြောင်းရှင်းပြပါဦး"
"ဒီကျောင်းကို ပင်လယ်မြို့စား အက္ကပတ်မြင်းဝန်နဲ့ ရွှေမြို့တော်ဝန် ဦးချုံဆောက်လုပ်ခဲ့တာ၊ အက္ကပတ်မြို့ဝန်ဆိုတာက အက္ကပတ်မြင်းဝန်ရာထူးနဲ့ရွှေမြို့တော်ဝင်ရာထူးကို ပေါင်းပြီးခေါ်ထားတာ၊ အဲ့လေးထောင့်တံခွန်နဲ့ကမ္ဘာ့မဏ္ဍိုင်စေတီက နောက်မှတည်တာ၊"
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ