မဟာသကျသီဟဘုရားတံတိုင်းအပြင်တွင် ဈေးဆိုင်တွေ ပတ်လည်တည်ဆောက်ထားသည်။ ဆိုင်ကယ်ကတော့ အပ်ဖို့နေရာမရှိသဖြင့် ဘုရားရှေ့က ဆိုင်တစ်ဆိုင်၌သာ အခကြေးငွေပေး၍ အပ်ထားခဲ့ရသည်။ လွယ်အိတ်လည်း ထိုဆိုင်မှာထားခဲ့ကာ တစ်ချို့ပစ္စည်းတွေ ယူလာခဲ့ရသည်။
"လိုအပ်တာလေးပဲ ယူခဲ့song"
"အိုကေ"
~~မိုက်ကယ် ရေခဲချောင်း...မိုက်ကယ်မှ သုံးဆောင်နိုင်သော အရသာများမှာ~~
"အို! ရေခဲချောင်းပဲ၊ ရထာ ဝယ်ပေးပါလား"
ဘုရားသို့မဝင်ခင် အပေါက်ဝ၌ ဆိုင်ကယ်နဲ့ရပ်နေသည့် ရေခဲချောင်းကို songက လက်ညိုးထိုးဝယ်ခိုင်းသည်။ ကလေးကလားဆိုသည့်သဘောနှင့် songကိုမော့ကြည့်တော့ ပခုံးတွန့်ပြသည်။
"မြန်မာက မုန့်တွေစားချင်တာ"
songက ဖြေရှင်းချက်ပေးသည်။ ရထာ ခေါင်းခါယမ်းရင်းသာ မိုက်ကယ်ရေခဲချောင်းဆိုင်ကယ်ဆီ သွားလိုက်ရသည်။
"စားချင်တာယူလိုက်"
"အိုကေ"
songက စတော်ဘယ်ရီ၊နို့၊ဒိန်ချဉ်၊သာကူ၊ကွတ်ဖီး၊နို့မလိုင်အထုပ်တွေကို ယူသည်။ ကျသင့်ငွေကိုရထာ ရှင်းခဲ့ကာ အရှေ့မုခ်တန်ဆောင်းကနေ ဘုရားထဲသို့ဝင်လာခဲ့သည်။ လွန်စွာထုထည်ကြီးကြီး ဆောက်လုပ်ထားသည့် တန်ဆောင်းသည် အံ့သြမင်သက်ဖွယ်။ ဘုရားမျက်နှာတော်ရှေ့ လျှောက်လှမ်းလာသည့်အချိန်သည် အေးချမ်းသော တရားရိပ်၊ဘုရားရိပ်ကြောင့် ကြည်နူးရသည်။
ကြည်ညိုသပ္ပါယ်လွန်းလှသည့် ဘုရားဆင်းတုတော်သည် ရထာ့ရင်ကိုအေးမြစေသည်။ ရှေ့တော်မှောက် ဒူးတုတ်၍ ကြာအုပ်မိုးရှိခိုးဦးချသည့်အခါ မခိုင်းနှိုင်းသော ကုသိုလ်ထူးကို ခံစားရမိသည်။
ကန်တော့ပြီးနောက်...
"ကန်တော့ပြီးပြီး စေတီပတ်ချင်သေးလား"
"အင်း "
"သမိုင်းကို မရှင်းခင် အရှေ့ဘက်စောင်းတန်း မြောက်ဘက်က ခေါင်းလောင်းသမိုင်းကို အရင်ရှင်းပြမယ်။"
"ဟုတ်ပြီ"
အရှေ့ဘက်စောင်းတန်းကနေ လာတာမို့ သိပ်ပြီးထွေထွေထူးထူးမသွားလိုက်ရပေ။ သို့ပေမယ့် ခေါင်းလောင်းဆီရောက်ဖို့တော့ ပူပူတောက်တောက် ပရဝဏ်ထဲ လျှောက်ရပေမည်။
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ