19
8.3K 1.3K 133
ဒီရက်ပိုင်းအတွင်းတော့ စာတမ်းရေးဖို့အတွက် အချိန်ပေးရသဖြင့် အခြားကျောင်းတိုက်များဘုရားများသို့ မသွားရသေးပေ။ ဧည့်ခန်းထဲက စားပွဲရှေ့မှာ ဖင်ချတင်ပလ္လင်ခွေထိုင်၍ ဘေးနားမှာ စာရွက်တွေအထပ်လိုက်၊ စာအုပ်အထပ်လိုက်ပုံနေသော songပုံစံကြောင့် သူ့အစား ရထာခေါင်းရှုပ်နေမိသည်။ သူ့ဘေးမှာရှိနေရခြင်းက မြန်မာလိုနာမည်တွေကို အင်္ဂလိပ်လိုရေးပေးဖို့အတွက်ပေ။
စာလုပ်ရတာဆိုတော့ ခေါင်းရှင်းစေဖို့ငှါ ထမင်းစားခန်းသို့သွား၍ songအတွက် သံပုရာရည်ဖျော်ပေးမိသည်။ အနည်းငယ် အချဉ်အရသာပေါ်အောင် ဖျော်ပြီးနောက် ဖန်ခွက်အောက်ပန်းကန်ပြားအသေးခံလျက် ဧည့်ခန်းထဲယူလာကာ စာရွက်လွတ်သည့် စားပွဲတစ်နေရာပေါ်တင်ပေးလိုက်ပြီး မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။
"ကိုယ့်အတွက်လား"
သံပုရာရည်ခွက်ကို ကြည့်ရင်း songက မေးသည်။ ရထာက ခေါင်းညိတ်ပြလိုက်သည့်အချိန်မှာတော့ songနှုတ်ခမ်း ကော့ညွှန့်တက်သွားကာ သံပုရာရည်ခွက်ကို ယူ၍ ဖန်ခွက်ကိုတစ်ချက်နမ်းကာ မော့သောက်သည်။
"အနှစ်တစ်ထောင်အသက်ရှည်တော့မယ်"
"ပြောင်မနေနဲ့"
သောက်ပြီးလို့လှမ်းပေးလာသည့် ဖန်ခွက်ကို ရထာက ပြန်ယူလိုက်ပြီး ထမင်းစားခန်းထဲ သွားထားရသည်။ ပြန်ထွက်လာတော့ ဧည့်ခန်းကနေ ကိုယ့်ကိုလက်ယက်ခေါ်နေသည့် songကြောင့် ဧည့်ခန်းပြန်သွားရပြန်သည်။
"ဘာဖြစ်လို့လဲ"
"ဆိုဖာပေါ်တက်ထိုင်ပါလား ကိုယ်ခဏခေါင်းအုံးချင်လို့"
songမျက်မှောင်ကျုံ့ကြည့်တော့ သူကမျက်နှာငယ်နဲ့ တောင်းဆိုသည်။ ပင်ပန်းမှာပဲလို့ တွေးလိုက်မိကာ သူ့နောက်က ဆိုဖာပေါ်မှာ တင်ပလ္လင်ခွေထိုင်ပေးတော့ ချက်ချင်းခေါင်းမှီလာသည်။ ခြေထောက်ပေါ်မို့ နာမည်စိုး၍ ခေါင်းကိုလက်တစ်ဖက်နဲ့ ခံဖမ်းလိုက်ပြီး ဘေးက ခေါင်းအုံးကို ယူ၍ တင်ပလ္လင်ခွေထိုင်ထားသည့်အပေါ်တင်ပြီးမှ ခေါင်းကို ခေါင်းအုံးပေါ်ချစေသည်။
songကတော့ မျက်လုံးမှိတ်အနားယူနေသည်။
"ပင်ပန်းနေပြီလား"