40
5.8K 929 35
ခုတင်​​ပေါ်က​နေ ကြမ်းပြင်​​မှာထိုင်​ရင်း အဝတ်​​တွေကို စီစီရီရီ​ခေါက်​ကာ ခရီး​ဆောင်​အိတ်​ထဲ ထည့်​​နေသည့်​ songကို ထိုင်​ကြည့်​​နေမိသည်။ ​နေချိန်​ပိုရ​အောင်​​တော့ songက ရန်​ကုန်​​လေဆိပ်​ကို ပုဂံက​နေ မန္တ​လေးပြန်​လာပြီး ည​နေမှသွားမည်​​ပြောပါသည်​။ ဘာပဲဖြစ်​ဖြစ်​ အတူရှိချင်​သည်​မို့ ရသည့်​တစ်​စက္ကန့်​ပင်​တန်​ဖိုးရှိပါသည်​။
"ကိုယ့်​ကို ကြည့်​လို့မဝဘူးလား"
songက သူ့ကိုကြည့်​​နေတာသိပုံဖြင့်​ ပီတီတီ​မေးလာသည်​။
"အင်း မဝဘူး ဘာလို့မင်းတို့နိုင်​ငံခြားသား​တွေက ဒီ​လောက်​ခန့်​နိုင်​ရတာလဲ song"
"ကိုယ်​ကမင်းတစ်​​ယောက်​ထဲကိုပဲ ခန့်​​ပေးတာ"
"​အောင်​မယ်​"
songသည်​လည်း ပုထုဇဉ်​လူသားအတိုင်း ကိုယ့်​ငါးချဉ်​ကိုယ်​ချဉ်​​ပေ။
"မင်း​ရေမချိုးရ​သေးဘူးလား"
"အင်း အဝတ်​​တွေထည့်​ပြီးရင်​လည်း ​ချွေးပြန်​ထွက်​မှာဆို​တော့ အဝတ်​ထည့်​ပြီးမှပဲ ချိုးမလို့လုပ်​ထားတာ၊ စကိုင်​သွားမှာကလည်း ဆယ်​နာရီ​လောက်​မှဆို"
"စစ်​ကိုင်း​တော့လုပ်​ပါကွာ ဒါနဲ့ ငါမင်းကိုပါးသိုင်း​မွှေးရိတ်​​ပေးမယ်​"
"တကယ်​လား"
songက မြူးလာသည်​။
"အင်း တကယ်​ ၊ ဘယ်​လို​နေ​နေလိုက်​​ပေမယ့်
ရေး​ရေး​လေးနဲ့က ပိုကြည့်​​ကောင်းတယ်​၊
ထူလာရင်​ ကြည့်​မ​ကောင်းဘူး"
"ဟုတ်​ပြီ အဲ့ဒါဆို ကိုယ်​အဝတ်​အမြန်​ထည့်​လိုက်​မယ်​"
"အင်း"
song အဝတ်​ထည့်​​နေတုန်း ​ရေချိုးခန်းထဲကို ရထာအရင်​သွားလိုက်​ပြီး ပါးသိုင်း​မွှေးရိပ်​​ပေးဖို့ရာ ပြင်​ဆင်​​နေမိ​သည်​။ ပါးသိုင်း​မွှေးကို အရမ်းရှည်​လွန်းရင်​ ရထာမကြိုက်​​ပေ။ ​ရေး​ရေး​လေးကမှ ပို၍ဆွဲ​ဆောင်​မှုရှိသည်​လို့ မြင်​မိသည်​။ songက​တော့ ဘာနှင့်​​နေ​နေလိုက်​ပါသည်​။