8
10.6K 1.7K 113
နန်းမြို့ရိုးရဲ့ အဝင်ပေါက်က အစောင့်တဲမှာ လိုအပ်သည့်အချက်အလက်တွေကို ရထာက ဖြည့်ပေးနေသည်။ Songကတော့ ခပ်လှမ်းလှမ်းမှာရပ်ကာ စောင့်နေရသည်။ လိုအပ်တာ ဖြည့်စွက်ပြီးတာနှင့် ရထာက နန်းတွင်းထဲသို့ဝင်ဖို့ Songအား လက်ယက်ခေါ်လိုက်သည်။ 
ထို့နောက်တွင်တော့ နန်းတွင်းထဲ ဝင်ဝင်ချင်း စက်ဘီးငှါးရသည့် နေရာသို့ရောက်လေသည်။
"ခြေလျင်သွားမလား စက်ဘီးနဲ့သွားမလား"
ရထာက Songအား မေးလိုက်သည်။
"စက်ဘီးနဲ့သွားမယ်လေ နေလည်းပူနေတာဆိုတော့"
"အိုကေ အဲ့ဒါဆိုနှစ်စီးငှါးလိုက်မယ်"
"တစ်စီးပဲငှါးလေ မင်းကနောက်ကထိုင်ပြီး ကင်မရာကကွဲလို့မဖြစ်ဘူး"
ရထာ မျက်မှောင်ကျုံ့သွားသည်။
"မင်းလွယ်အိတ်ထဲ ထားထားလေကင်မရာကို"
"စက်ဘီးကလှုပ်တော့ အဆင်မပြေဘူးလေ မင်းတို့လမ်းတွေက ကောင်းတာဆိုတော့"
မရတော့ပေ အဲ့လူဖြူကောင်က တစ်ခါတစ်ခါ ထ ထဖောက်တတ်ပေသည်။ မိမိချစ်သောမြေကို စော်ကားခြင်းက ရထာ့ဒေါသအား မီးမမွှေးပါဘဲ ထတောက်စေသည်။ ရထာက Songအား မဲ့ကာပြုံးပြလိုက်ပြီး တစ်ချက်ခုန်လိုက်ကာ Songရဲ့ငယ်ထိပ်တည့်တည့်ကို လက်ဖဝါးနဲ့ အားပြင်းပြင်းရိုက်ချလိုက်သည်။ 
"အား ရန်ထာ"
Songက မြေပြင်ပေါ် ဒူးထောက်ထိုင်မိကာ သူ့ခေါင်းကိုလက်ဖဝါးနှစ်ဖက်နဲ့ အုပ်ကိုင်ထားလိုက် သည်။ ချက်ချင်းကို Songရဲ့မှိတ်ထားတဲ့ မျက်လုံးထဲ ကြယ်တွေလတွေ မြင်လာရသလိုတောင် ဖြစ်နေပြီ။ ရပ်နေသည့် ရထာ့အား လက်ညိုးထိုးကာ "မင်း"လို့ ရေရွတ်ချင်ပေမယ့် မူးမိုက်နေသည့်
ခေါင်းကြောင့် မစွမ်းနိုင်ခဲ့။
မြေပြင်ပေါ်ထိုင်နေသည့် Songအားကြည့်ပြီးနောက် ရထာကျေနပ်ပြုံးကြီးပြုံးလိုက်သည်။ ပြီးတော့ အားနာသလိုဟန်ဆောင်ကာ ခါးကိုကုန်း လက်အုပ်ကိုချီလိုက်ပြီး..
"ဟာ...အရမ်းနာသွားလား၊ ငါတောင်းပန်ပါတယ်ကွာ၊ ဒီက လမ်းလည်းသိပ်မကောင်းသလို ခြင်လည်းပေါတယ်လေ၊ ငါတို့ကကိုက်ခံရရင် ရောဂါမဖြစ်ပေမယ့် မင်းကျတော့ ရောဂါဖြစ်မှာမလို့ပါ စေတနာနဲ့ပါ နာသွားလားဟင်"