My Heart 💘 Ep>4(Uni&Zaw)

7.3K 566 11
                                    

(Uni)

ရှောင်းကျန့်ရဲ့ နှုတ်ခမ်းနားဖြူဖွေးနေသောပါးမို့မို့ထက်မှာ ညိုစွဲနေတဲ့ ဒဏ်ရာကိုမြင်တော့ အလိုလိုနေရင်း ပိုပြီးဒေါသလာထွက်သည်။
ဆိုင်ကယ်ဦးထုတ်နဲ့ပစ်ကျွေးလိုက်ရတာတောင် သူမကျေနပ်နိုင်....

"ကျစ်......ဆိုင်ကယ်နဲ့ဝင်ကျုံးလိုက်ရမှာ...."

"အာ...လောင်ဝမ် စိတ်လျှော့ပါကွာ..."

စိတ်လျှော့ စိတ်လျှော့တဲ့လား ဒီလောက်ခံလိုက်ရတာတောင် စိတ်လျှော့နိုင်သေးတယ်လား.......

"ဘာကိုစိတ်လျှော့ခိုင်းတာလည်း...ဟမ်... ယုန်ပေါ မင်းတော်တော်ညံ့တာပဲ ...ပြန်မချတတ်ဘူးလား..."

"ဘယ်လိုပြန်ချရမှာလဲ သူတို့ကငါ့လက်ကို်ချုပ်ထားတာလေ...."

"လက်ကိုချုပ်ထားတယ်ဆိုတော့ မင်းမှာခြေထောက်မပါဘူး ခြေထောက်နဲ့ဆောင့်ကန်လိုက်လို့ရောမရဘူးလား...ငါပြန်လှည့်မလာရင် မင်းမျက်နှာဘယ်လိုဖြစ်သွားမလဲ...."

ဟုတ်တယ်.. တကယ်စိတ်တိုတယ် ပြန်လှည့်လာမိလို့တော်သေးတာပေါ့......
လောင်ဝမ် စိတ်တိုတိုနဲ့အော်ငေါက်ပစ်လိုက်သည်။

"အာ....လောင်ဝမ်တော်ပါတော့ မဆူပါနဲ့တော့ု ငါမြရႏၼ်ဖစၹဴးတာ ငါ့ဗိုက်နာနေပြီ.... "

ကြည့် ပြောပုံက မသိရင်ပဲကိုယ်ကရန်ဖြစ်နေကျလိုလို....
ထပ်ပြီးအော်ငေါက်နေရင်လည်း မျက်နှာငယ်လေးနဲ့ငိုတော့မယ့်အတိုင်း......

"ဝေ့...စိတ်မဆိုးပါနဲ့ကွာ..ခံရတာကငါလေ မင်းကဘာလို့အဲလောက်ဒေါသထွက်နေတာလည်း...ငါမသိတော့ဘူး..."

"ကျစ်.....မင်း...."

အင်း...ဟုတ်တယ် ဒေါသထွက်တယ်
ဘာလို့လူသတ်ချင်စိတ်ပေါက်သွားလည်း မင်းမသိသလို ငါလည်းနားမလည်တော့ဘူး...

"ကဲ...လာတက်ငါအိမ်လိုက်ပို့ပေးမယ်.."

ဆိုင်ကယ်ပေါ်တက်ခွပြီး သူ့နောက်မှာထိုင်ဖို့မေးငေါ့ပြလိုက်တယ်...
ယုန်ပေါက အူကြောင်ကြောင်နဲ့ဗိုက်ကိုလက်ကလေးနဲ့ဖိထားပြီး...

"တကယ် လိုက်ပို့မှာလား...."

"ကျစ်...မင်းတော်တော်အရစ်ရှည်တဲ့ကောင် တကယ်လိုက်မပို့ဘူး...လမ်းမှာပစ်ချထားခဲ့မှာ..."

My Heart 💘 (Uni & Zaw) (Completed)Donde viven las historias. Descúbrelo ahora