My Heart 💘Ep>22(Uni&Zaw)

4.8K 340 6
                                    

(Uni)

"ယုန်ပေါ ခြေထောက်တကယ် သက်သာရဲ့လား"

"အင်း...ကောင်းသွားပြီ..."

ခြေသလုံးမှာဆိုတော့ စစဖြစ်တုန်းကသာလမ်းလျှောက်ရတာသိပ်အဆင်မပြေတာ
ခုတော်တော်သက်သာနေပြီ ဒါပေမယ့်လောင်ဝမ်ကစိတ်ပူနေတုန်း
မနေ့ညကလည်း အပေါ်ထပ်မတက်နိုင်စိုးလို့
ကုန်းပိုးပြီး အခန်းထဲထိလိုက်ပို့ပေးသေးတယ်...
လောင်ဝမ်ကအပြင်ပန်းကြည့်ရင်ခက်ထန်တယ်ထင်ရပေမယ့်
ရှောင်းကျန့်ကိုတော့ ဂရုစိုက်သည်လေ
အတန်းထဲရောက်တော့...

"ငါတို့တွေ ကျောင်းပြီးတော့မှာဆိုတော့ စာမေးပွဲပြီးရင် ခရီးထွက်ကြမလား..."

ကျန်းချန်က ခရီးထွက်မယ့်အကြောင်းစကားဆိုလာသည်။

"ငါ့မှာတာဝန်တွေရှိသေးတော့ ငါလိုက်ဖြစ်မယ်မထင်ဘူး''

"ဘာလဲ ရွှယ်ယန် မင်းကအလုပ်တန်းလုပ်တော့မယ်ပေါ့ ဟ ဟား..''

"အင်း...အကိုရှင်းချန်နားမှာနေရတော့မှာဆိုတော့ မင်းတို့နဲ့ဟေးလားဟားလားနေလို့မဖြစ်တော့ဘူးလေ အက်တာကြောင့်ပါ..."

"အမ်/ဘာလို"

ရှောင်းကျန့်ဝင်နောက်လိုက်တော့ ရွှယ်ယန် တစ်ယောက်လေးလေးနက်နက်ကြီးပြောလာတော့
ကျန်းချန်ရောရှောင်းကျန့် ပါ အံသြော်သွားကြသည်

"နေ...နေပါအုံး ဘယ်တုန်းကဘယ်လို မင်းသွပ်လှချည်လား အဆင်ပြေသွားကြပြီပေါ့..."

"အဆင်တော့ပြေပေမယ့် ချစ်သူတွေတော့မဟုတ်ဘူးပေါ့ကွာ...ဒီလို......."

ရွှယ်ယန်တစ်ယောက် သူ့အကြောင်းစုံကိုရှင်းပြလိုက်တယ်။

"မင်းအစား ခေါင်းကြိမ်းတယ် အလိမ်ပေါ်သွားရင်ဘယ်လိုလုပ်မလဲ.."

ကျန်းချန်က စိုးရိမ်သလိုမေးရှာတော့
ရွှယ်ယန် ခေါင်းငိုက်စိုက်ကာ

"နောင်ခါလာနောင်ခါရှင်းပေါ့ကွာ သူ့အနားရောက်ဖို့ ဒီနည်းကပိုလွယ်နေတာကိုး..."

သူငယ်ချင်းတစ်စု အတန်းထဲစကားပြောနေကြပေမယ့်
လောင်ဝမ်ကတော့ဝင်မပြော
အနေတည်လွန်းတော့ ကျန်းချန်တို့ကလည်းရှိန်သည်
ရှောင်းကျန့် တစ်ခြားသူတွေနဲ့ဟီးဟီးဟားဟားလုပ်နေတာ ဝမ်ရိပေါ််မကြိုက်ပေမယ့်
ကိုယ်နဲ့မတွေ့ခင်ကတည်းက သူငယ်ချင်းတွေ့မို့လိို့သာလွတ်ထားပေးခြင်း......
ခဏအကြာအတန်း ဆရာဝင်လာသည်

My Heart 💘 (Uni & Zaw) (Completed)Donde viven las historias. Descúbrelo ahora