My Heart💘Ep>30(Uni&Zaw)

4.7K 333 34
                                    

(Uni)

ရှောင်းကျန့် မျက်ရည်တွေကိုသုတ်လိုက်တယ်
လက်မှာကိုက်ရာတော်တော်ကိုထင်းနေပြီ...

"ဒုန်း...ဒုန်း....ဒုန်း....ဝမ်ရိပေါ် မင်းအပြင်မှာရှိသေးလား
ငါအိမ်ပြန်ချင်တယ် တံခါးဖွင့်ပေးပါ...."

ဒုန်း...ဒုန်း ဒုန်း...ဒုန်း...

"မင်း အပြင်မှာရှိနေသေးတာငါသိတယ်နော် ဖွင့်ပေး
တံခါးဖွင့်မပေးရင် ပြတင်းပေါက်ကတကယ်ခုန်ချလိုက်တော့မှာ...ငါကပြောရင်ပြောတဲ့တိုင်းတကယ်လုပ်မှာနော်..."

ကျွီ...

ပွင့်လာတဲ့တံခါးနဲ့အတူ ဝမ်ရိပေါ်ပါပြေးဝင်လာပြီး
ရှောင်းကျန့်ကိုရင်ခွင်ထဲဆွဲသွင်းကာ
တင်းကျပ်စွာဖတ်ထားလိုက်တယ်

မင်းကိုမခွဲနိုင်လို့အခန်းထဲပိတ်ထားတာလေ
မင်းက မင်းက အဆုံးစီရင်ဖို့အထိပါစဉ်းစားနေတာလား
ငါ့အနားမှာနေရတာ
အက်လောက်တောင်ပင်ပန်းနေပြီလား ယုန်ပေါရေ...

တောင်းပန်ပါတယ် လောင်ဝမ်
ငါထြက္သြားပါရေစ
ငါ့ကိုလွတ်ပေးပါ....

ဝမ်ရိပေါ် အတတ်နိုင်ဆုံး စိတ်ကိုလျှော့ချလိုက်တယ်
နောက်ပြီး ယုန်ပေါရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တယ်
ခေါင်းငိုက်စိုက်ကာ.....

"ဟင်....လောင်...လောင်ဝမ်...မင်းဘာလုပ်နေတာလည်း ခုထ..."

မင်းလိုချင်တာ ဒီလိုမျိုးလားယုန်ပေါ
ငါကျရှုံးပါတယ် မင်းရှေ့မှာ
အကြိမ်ကြိမ်ကျရှုံးရဲပါတယ်
ခုကစပြီး ပြေလည်ရအောင်
တောင်းပန်ပါတယ်
ငါဒီထိတောင် တောင်းပန်နေတာ
ငါ့ကိုငဲ့ညှာပါ သနားပေးလို့တောင်မရဘူးလား....

"ယုန်ပေါ....ငါမင်းကိုအရမ်းချစ်တယ် ဆိုတာထက်ကိုပိုတယ် မင်းစိတ်နဲ့ပဲငါ့ရဲ့အရာရာကိုတည်ဆောက်ထားတာပါ
ငါ့ရဲ့သံယောဇဉ်အရှိရဆုံးသူပါ မင်းကငါ့ရဲ့အမြတ်နိုးရဆုံးပါ
ဒါတွေမင်းသိရဲ့နဲ့ငါ့ကိုထားခဲ့မလို့လား
ငါ့ဘဝတစ်ခုလုံးစုတ်ပြတ်သတ်သွားတာကိုမြင်ချင်လို့လား....
မင်းဘာဖြစ်စေချင်တာလည်း...ယုန်ပေါ
လမ်းခွဲဖို့ကလွဲရင်အကုန်လိုက်လျောပါ့မယ်...."

My Heart 💘 (Uni & Zaw) (Completed)Où les histoires vivent. Découvrez maintenant