My Heart 💘Ep>36(Uni&Zaw)

4.5K 351 32
                                    

(Uni)

ဒေါက်...ဒေါက်... ဒေါက်...

"အကိုရှင်းချန် တံခါးဖွင့်ပါအုံး...."

တံခါးခေါက်ပေမယ့် ဖွင့်မပေးတဲ့အပြင်
ဘာအသံမှပြန်မပေး......

"ကိုကို မီးမီး...ဖြားဖြားဆီက သော့တောင်းပေးမယ်..."

လဲ့လဲ့လေးကသူတို့နှစ်ယောက်ပြန်တည့်ဖို့အရေး တော်တော်ကို တက်တက်ကြွကြွ
ကူညီပေးနေသည်မှာလည်း
အတော်ကို ချစ်စရာကောင်းသည်
ရွှယ်ယန်ကိုလည်း အကိုတစ်ယောက်လိုချစ်ပြီး
ခေလးက သံယောဇဉ်ကြီးရှာသည်လေ...

ခဏအကြာ...

"ရော့.... ကိုကို ဒီမှာသော့...ဝင်ပြီးလေးလေးကိုချော့လိုက် လေးလေးကတော်ချိုးတာ ခလေးလည်းဟုတ်ဖဲနဲ့...''

"ဝါး...လဲ့လဲ့လေးကအတော်ဆုံးပဲ နောက်နေ့ကျရင် အရုပ်တွေများကြီးဝယ်ပေးမယ်နော်...ခုတော့ လဲ့လဲ့လေးသွားအိပ်တော့နော်....လိမ္မာတယ်...''

"ယေး.....ကိုကို့ကိုအချစ်ဆုံးးး ..''

အရုပ်ဝယ်ပေးမယ်ဆိုတော့
အပျော်ကြီးပျော်ပြီး အခန်းထဲတန်းဝင်သွားသည်။
_
_
"ဘာလို့ အခန်းထဲဝင်လာတာလည်း"

"လူကြီးကောက်နေလို့ လာချော့တာ..."

ကုတင်ပေါ်ထိုင်နေတဲ့ ရှင်းချန်ဘေးဝင်ထိုင်လိုက်တယ်

"အကို ကျွန်တော့ကို စိတ်မဆိုးပါနဲ့ ကျွန်တော် ပြန်မလာဖြစ်တာကလေ...."

"ဘာလဲ.... အရက်မူးသွားလို့ အိမ်ပြန်မလာနိုင်လို့...
သူငယ်ချင်းစုံသွားလို့....
တွေ့ရာအချောအလှတွေကိုလိုက်ငမ်းနေရလို့.....
အိမ်မှာ စောင့်နေတဲ့လူကိုတော့ ဖြစ်ချင်ရာဖြစ်
ထင်ချင်ရာထင် စိတ်ပူချင်လည်းပူပစေ
ဂရုစိုက်စရာမလိုဘူး ပြန်လာချင်တဲ့အချိန်မှ....အွင့်....အု..."

ဒေါသတွေနဲ့ စိတ်ထဲရှိရာအကုန်ထုတ်ပြောနေတဲ့
ရှင်းချန်ကို အူယားလာတာနဲ့...
လည်တိုင်လေးကိုဆွဲ
ပါးးတစ်ဖက်ကိုလက်နဲ့အုပ်ကိုင်ပြီး
ရှင်းချန်ရဲ့ နှုတ်ခမ်းသားလေးတွေကိုဆွဲစုပ်ယူလိုက်တယ်

ရုတ်တရပ် စကားစပြတ်သွားပြီး
အတင်းလာဖိကပ်နမ်းနေတဲ့ အနမ်းတချို့ကို
မငြင်းပယ်မိပဲ အလိုလျောက်လက်ခံနေမိတယ်

My Heart 💘 (Uni & Zaw) (Completed)Where stories live. Discover now