My Heart 💘Ep>40(Uni&Zaw)

4.6K 344 26
                                    

(Uni)

"နွယ်ယဲ့ဆိုတဲ့မိန်းမကို ခုချက်ချင်းရှာပြီးငါ့ဆီခေါ်ခဲ့..."

ခေါင်းငိုက်စိုက် ငိုနေရာမှ သတိဝင်လာပြီး
လက်သီးကျစ်နေအောင်ဆုတ်ကာ

နွယ်ယဲ့....ခဗျားကိုတွေ့အောင်ရှာပြီး
အရေခွံဆုတ်ပစ်မှာမို့
ခဗ်ား ပြေးမလွတ်ပါဘူး....

"ဟို....Boss...''

"ကျစ်....ဘာပြောစရာရှိသေးလို့လည်း''

"ဟို...မန်နေဂျာနွယ်ယဲ့ ..လွန်ခဲ့တဲ့ 15မိနစ်လောက်က....လမ်းမှာကားအက်စီးဒင့်ဖြစ်လို့...''

"ဘာ....''

"ဟုတ်ပါတယ်... Boss ဒါမန်နေဂျာနွယ်ယဲ့ သတင်းပါ...''

သက်တော်စောင့်က
ဖုန်းကိုတရိုတသေကမ်းပေးလာတော့
ဒေါသနဲ့ဆောင့်ဆွဲယူကြည့်လိုက်တယ်
ကုန်ကားနဲ့အရှိန်ပြင်းပြင်းဝင်ဆောင့်တိုက်မိ၍
နွယ်ယဲ့မောင်းတဲ့ကားအသေးက
သုံးလေးခေါက်လောက် လှိမ့်ထွက်သွားပြီး
ပွဲရှင်းပြီးသေဆုံးသွားတဲ့နွယ်ယဲ့မျက်နှာနဲ့တစ်ကိုယ်လုံးမှာ
မွန္ကြဲစတွေစိုက်လျက် သွေးအလှိမ်းလှိမ်း
ရုပ်ပျက်ဆင်းပျက် ကြည့်ရဲစရာမရှိလောက်အောင်ကို
အတော်ဆိုးသည်။

ဝမ်ရိပေါ် ကိုယ်တိုင်အပြစ်မပေးလိုက်ရလို့
မကျေနပ်နိုင်
သို့ပေမယ့် သ့ူပြစ်ဒဏ်သူဘာသာသူခံသွားရတာဆိုပြီး
စိတ်ကိုလျှော့ချလိုက်ရတယ်
ဒီချိန်မှာ အရေးကြီးဆုံးက
ရှောင်းကျန့် ခွဲခန်းထဲက
အန္တရာယ်ကင်းကင်းထွက်လာနိုင်ဖို့ပဲမလား
ဒေါသတွေကိုလျှော့ပြီး ရှောင်းကျန့်အတွက်သာ
အကြိမ်ပေါင်းများစွာဆုတောင်းနေသည်လေ။
_
_

ခွဲခန်းကထုတ်လာပြီးနောက်ပိုင်း
Vip လူနာခန်းပြောင်းထားပေးရသည်
အသက်ရှူသံငွေ့ငွေ့လေးသာရှိသောကြောင့်
အောက်စီဂျင်တပ်ထားရသည့်အခြေအနေ
_
_
_
ရှောင်းကျန့် သတိရမလာသေးတာ
တစ်ပတ်တောင် ကြာခဲ့ပြီ
ကျန်းချန်နဲ့ရွှယ်ယန်လည်း
ရှောင်းကျန့်နားမှာပဲ အချိန်ပြည့်ဂရုစိုက်ပေးနေရှာသည်။

ဝမ်ရိပေါ်တစ်ယောက် ဥက္ကဋ္ဌကြီး ဈာပနအတွက်နဲ့ပါ
အလုပ်ရှုပ် ပူဆွေးဝမ်းနည်းရချိန်
ရှောင်းကျန့်သတိရမလာသေးတာက
သူ့စိတ်ကိုအဆိုးဝါးဆုံး ထိခိုက်စေသည်။
ဥက္ကဋ္ဌကြီး ဈာပနပြီးဆုံးသည်နှင့်
ရှောင်းကျန့် အနားတစ္ဖဝါးမွမခြာ
သတိရလာမယ့် အချိန်ကိုသာစောင့်မျော်နေသည်။
_
ခုဆို ဆယ့်ငါးရက်ကြာခဲ့ပြီ
အောက်စီဂျင်ပိုက်တွေနဲ့မြင်နေရတာ
တကယ်ရင်နာတယ်
မြန်မြန်နိုးထလာပါတော့ ယုန်ပေါရေ....
_
"သား...ဝမ်ရိပေါ် အစားလည်းမှန်မှန်မစားဘူး တစ်ခုခုစားပါလားကွယ် သားအားရှိနေမှဖြစ်မှာလေ...."

My Heart 💘 (Uni & Zaw) (Completed)Where stories live. Discover now