My Heart 💘Ep>35(Uni&Zaw)

4.7K 322 16
                                    

(Uni)

"ဝမ်...ချောင်...နင်စောက်သုံးမကျတာ ခုအားလုံးသွားပြီ...ဟိုကောင်မကသူမှားတာပါဆိုပြီး လူတကာဆီမှာအဆဲခံပြီး ဝန်ချတောင်းပန်နေပြီ ဘာဆက်လုပ်ကျမှာလည်း ငါလိုချင်တာ HD ထွက်လာပြီး ယန်ရှောင်းတို့တမျိုးလုံးခေါင်းမဖော်နိုင်ဖြစ်သွားတာမျိုးလိုချင်တာ နင်ညံ့တာ ဝမ်ချောင် နင်ဟာသုံးစားလို့ကိုမရဘူး...."

"......''

ပြောသမျှ ပြန်မပြောပဲ ခေါင်းငုံ့နေသည့်
ဝမ်ချောင်ကတော့ သူ့လုပ်ရပ်ကိုနောင်တမရ
ဝမ်ရိပေါ် အပေါ် သူတို့သားမိ
မတရားဘူးဆိုတာ သူသိသည်လေ....

"ဘယ်လောက်ပြောပြော နည်းနည်းလေးမှတိုးတက်မလာဘူး....ခုညပါတီပွဲမှာတော့တလွဲမလုပ်မိစေနဲ့ လုပ်ငန်းရှင်တွေအများကြီးလာမှာ...နားလည်ရဲ့လား..."

"ဟုတ်ကဲ့...ကျွန်တော် နားလည်ပါတယ် "

"နောက်ပြီး ဝမ်ချင်နဲ့အခြေအနေဘယ်လိုလည်း..."

ဝမ်ချင်နဲ့ကဘယ်လိုမှမပတ်သတ်
အလုပ်ကိစ္စ အနည်းအကျဉ်းသာပြောဖြစ်သည်
နွယ်ယဲ့ကတော့ လောဘတက်ပြီး
သူ့သားကို ဝင်လုံးခိုင်းနေသည်လေ။

"ကျွန်တော်တို့က မရင်းနှီးပါဘူး မား..."

"နင်ဟာလေ ပြောနေလည်းအပိုပဲ ဒီညဝမ်ချင်ကိုလည်းရအောင်အရောဝင်...နောက်ပြီးသူတို့ရဲ့ Boss ဆိုတာကိုလည်း ရအောင်စုံစမ်း...."'

"ဟုတ်ကဲ့...."

စိတ်ထဲမပါလည်း ဟုတ်ကဲ့လို့သာ
ဖြေရမည်မလား....
_
_
_
လက်မောင်းပေါ်ခေါင်းအုံးပြီး
နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ယုန်ပေါနဖူးလေးကို
ခပ္ဖြဖြေလး သုံးလေးကြိမ်လောက်ဆင့်နမ်းရှိုက်လိုက်တယ်
ရှောင်းကျန့် ခေါင်းကိုဖြည်းဖြည်းလေး မ ပြီး
လက်ကိုအသာဆွဲထုတ်ကာ...
ခေါင်းအုံးလေး အုံးပေးလိုက်တယ်
အခန်းထဲဝင်လာတည်းက ယူလာခဲ့တဲ့ဆွဲကြိုးလေး
ကုတင်ဘေးကခုံရဲ့ အံဆွဲထဲကထုတ်ယူလိုက်ပြီး
ရှောင်းကျန့် လည်တိုင်မှာပြန်ဆွဲပေးလိုက်တယ်...

ငါ့ရဲ့ကိုယ်ပွားလေးမို့
နောက်ထပ် မင်းနဲ့ဝေးအောင်မလုပ်ပါနဲ့....

My Heart 💘 (Uni & Zaw) (Completed)Donde viven las historias. Descúbrelo ahora