(Uni)
"ကျွန်တော် တောင်းပန်ပါတယ် ဒီတစ်ခေါက်လေလံတင်မယ့်
(Daimond necklace Design)စိန်ထည်လည်ဆွဲဒီဇိုင်း ပေါက်ကြားသွားတဲ့ကိစ္စ မထိန်းလိုက်နိုင်လို့...""ဘယ်လိုဖြစ်ရတာလည်း တရားခံကိုရော မိပြီလား"
Bossကစိတ်မကြည်ပေမယ့် တည်တည်ငြိမ်ငြိမ်ပဲမေးရှာသည်...
"ကျွန်တော့ ပေါ့ဆမှုပါ စုံစမ်းနေတုန်းမို့ အတိအကျမဖြေပေးနိုင်တာမို့ အပြစ်ပေးရင်လည်းခံယူရမှာပါ..."
"ကျစ်...ထားလိုက်တော့ ခု (Auction)လေလံပွဲ ကိုဘယ်လိုဖြေရှင်းမလည်းပဲ အမြန်ပြင်ဆင်မှရမယ် အကောင်းဆုံး Designs တွေကိုအမြန်စုပြီး Email အမြန်ပို့ပေး......"
"ဟုတ်ကဲ့ ကျွန်တော်အမြန်စုံစမ်းလိုက်ပါ့မယ်..."
"ကောင်းပြီ ..."
Bossကကျွန်တော့ထက်နှစ်နှစ်ငယ်ပေမယ့်
စီးပွားရေးအရ အရမ်းတော်ပြီးအရမ်းထက်မြတ်လွန်းတယ်
Boss 18 နှစ်အရွယ်တည်းကတွေ့ခဲ့ကြတယ်
ဘယ်သူထင်မှာလည်း ကျောင်းမပီးသေးတဲ့19နှစ်အရွယ်လူငယ်တစ်ယောက်က စတော့ရှယ်ယာ ကစားတဲ့နေရာမှာကျွမ်းကျွင်ပိုင်နိုင်လှပြီး အချိန်တိုတွင်းမှာ
(Stock holder)အစုရှယ်ယာရှင် ဖြစ်လာပြီး
2နှစ်ဆိုတဲ့ကာလအတွင်းမှာ (millionaire)သန်းကြွယ်သူဌေးကနေ
ခုဆို Top>1 (Billionairess)ဘီလျံနာသူဌေးတောင်ဖြစ်နေပြီ
ကျွန်တော်ကBossလက်ထောက်ချပေးသမျှအကုန်လိုက်လုပ်ပေးရသူဆိုတော့
အချိန်သုံးနှစ်ဆိုတာကိုစက္ကန့်မလပ်ကြိုးစားခဲ့ရတာ
သိပ်ကိုပင်ပန်းခဲ့ကြတယ် သာမန်စီးပွားရေးသမားတစ်ယောက်အတွက် ဒါကမလြယ္ကူဘူး မဟုတ္ဘူး တကယ်ကိုမဖြစ်နိုင်ဘူးမလားမူးယစ်ဆေးဝါးဖြန့်ဖြူးခဲ့တဲ့ အစိတ်အပိုင်းတစ်ခုအပါအဝင်ပေါ့
Bossရဲ့မားကသိသွားပြီးနောက်ပိုင်း နောက်ထပ်မလုပ်ဖို့ ကတိတွေတောင်းခဲ့တယ်
ဒါပေမယ့် Bossကဒီကိစ္စကိုလက်စမသတ်နိုင်
အချိန်တိုတွင်းအောင်မြင်ဖို့ ဒီလမ်းပဲရွေးနေခဲ့တယ်
အက်ဒီဘက်မှာလည်း သြဇာအာဏကြီးမားသူဖြစ်လာခဲ့တယ်
Bossရဲ့မားကနှလုံးရောဂါအခံရှိသူ Bossဘယ်လိုပဲဖုံးကွယ်ဖုံးကွယ်ရိပ်မိနေခဲ့တဲ့မားက
သူလောကကြီးကထွက်မသွားခင် ကောင်းကောင်းမွန်မွန်ရှင်သန်နေထိုင်ပါ့မယ်ဆိုတဲ့ကတိတွေကို Bossဆီကတောင်းခဲ့တယ်.... အက်ဒီဘက်ကပိုင်ဆိုင်မှုတွေနဲ့ ဆက်သွယ်ရေးတွေကိုသူ့လက်အောက်လူယုံကိုခေါင်းဆောင်ရာထူးလွဲအပ်ပြီး ဒီဘက်စီးပွားရေးဘက်မှာပဲအခြေချနေခဲ့တယ်
ဒါပေမယ့် သူတို့အကူအညီလိုရင် Bossဆီကပဲအကူအညီလာတောင်းကြတာဆိုတော့
ဆက်နွယ်နေတုန်းမို့ ကျွန်တော်လည်းစိတ်ပူရသည်
YOU ARE READING
My Heart 💘 (Uni & Zaw) (Completed)
WerewolfMy Heart 💘(Uni&Zaw) အရဲစွန့်ပြီး ဖွင့်ပြောမယ်လို့ ရည်ရွယ်ခဲ့တာ ငါချစ်တဲ့မင်းကို ငါပဲပိုင်ဆိုင်ချင်တာ ငါပဲပွေ့ဖတ်ချင်တာ.....ငါပဲထိတွေ့ချင်တာ... ငါနဲ့ပဲရှေ့ဆက်သွားစေချင်တာ... #WangYiBo ဘာလို့လဲ လောင်ဝမ် မင်းဖွင့်ပြောလိုက်ရင် သိက္ခာကျမှာစိုးလို့ ငါဝန...