My Heart 💘Ep>2(Uni&Zaw)

9.5K 629 10
                                    

(Uni)

"သား ရှောင်းကျန့် မအိပ်သေးဘူးလား...."

"ခု အိပ်တော့မှာပါမားး...ဒါနဲ့လေ ပါးးပြန်ရောက်ပြီလား မားးး ''

"ရောက်ပြီ.....ပါးး ဧည့်ခန်းမှာ TV ကြည့်နေတယ်..ပြောစရာရှိလို့လားသား...''

"ဟုတ် မေးစရာရှိလို့..''

ရှောင်းကျန့် ဧည့်ခန်းသို့ထွက်လာခဲ့တယ်.....

"ပါး ကျွန်တော်  စကားပြောလို့ရလား"

"Omm ပြော.."

"ပါးက ဝမ်ကုမ္ပဏီ CEO ရဲ့လက်ထောက်လူယုံဆိုတော့ တော်တော်အလုပ်များမှာပဲနော်...လက်ယုံလက်ထောက်ဆိုတာ အတွင်းရေးမှူးကိုပြောတာလားပါးး"

"ထူးထူးဆန်းဆန်း အလုပ်ကြောင်းတွေမေးလို့ပါလား အတွင်းရေးမှူးဆိုတာက သူဌေးနားမှာအချိန်ပြည့်နေရတာ...ပါးက ကုမ္ပဏီ ကိစ္စအဝဝဦးစီးရတဲ့သူ...."

"ဟုတ် ကျွန်တော် ကျောင်းပြီးရင် အလုပ်လုပ်ရင် ကောင်းမလားလို့ပါ..."

ရှောင်းကျန့် စကားကြောင့် ပါး သဘောကြ၍ပြုံးရယ်ပြီး...

"ဒါပေါ့ အလုပ်လုပ်ချင်စိတ်ပဲလိုတယ် ပါးပြောပေးမှာပေါ့ ငါ့သားနဲ့သင့်တော်မယ့်နေရာ.. ကဲ ကဲ ခုတော့သွားအိပ်တော့..''

"ဟုတ်ကဲ့ ပါးး Good Night ပါ.....
~
~
~
မနက် ရိပေါ်ကျောင်းရောက်တော့ ကျောင်းထဲကမိန်းကလေးရောယောကျာ်းလေးပါ လည်ပြန်ငေးကြည့်ကြသည်။
တော်တော်လည်း ခန့်လွန်း ချောလွန်း လှလွန်း ပြည့်စုံလွန်းနေသည်ကိုး...
~
~
~
"ဝမ်ရိပေါ်''

ခေါ်သံကြား၍ လှည့်ကြည့်လိုက်တော့ ပြုံးဖြီးနေသောမျက်နှာ ရှေ့သွားနှစ်ချောင်းရှည်ရှည်လေးနဲ့ ခုန်ပေါက်ပြီးသူ့ဆီပြေးလာတာ.....ယုန်လေးသဖွယ်...ချစ်စရာလေး.....

"ဝမ်ရိပေါ် ငါတို့ကအတန်းတူတယ်လေ အတူတူသွားကြမယ်လေ"

ပြောနေတဲ့ ပုံစံလေးကိုက ချေချင်စရာတကွက်မှမတွေ့ အမြဲဖော်ရွေပြီး အမြဲပြုံးနေတဲ့မျက်နှာကရှင်းသန့်လို့ နှုတ်ခမ်းအောက်ကထင်းနေတဲ့မှဲ့လေးက ကိုက်ဆွဲချင်စရာ....
အထိနာသွားလို့သာ သိပ်မကြည်လို့မကြည့်မိတာ
ခုကြည့်မိတော့ ချစ်စရာလေး.....အဟက်...

My Heart 💘 (Uni & Zaw) (Completed)Où les histoires vivent. Découvrez maintenant