My Heart 💘Ep>14 (Uni&Zaw)

5.8K 442 13
                                    

(Uni)

"ဝမ်...ရိ...ပေါ်...မင်းဘာစိတ်ကူးနဲ့ဒီလိုလုပ်ရတာလည်း
ငါမျက်နှာဘယ်လောက်ပျက်ရလည်း...မင်းကွာ..မင်းရှာတဲ့ပြသာနာသေးတယ်ထင်လို့လား..ငါ့ရဲ့အရှိန်အဝါကြောင့်သာမဟုတ်ရင် မင်းကျောင်းထုတ်ခံရပြီး ထောင်ထဲရောက်နေလောက်ပြီ နားလည်လား.."

".........''

စိတ်တိုတိုနဲ့အော်ငေါက်နေတဲ့ ပါးး ဒီတစ်ခါတော့ပြန်မပြောချင်ပါ..
အခြေအနေတွေကိုကြိုတွက်ပြီးသားမို့
ဘာမှပြန်မပြော ငြိမ်နေလိုက်တယ်။
ဒီအခိုက်အတန့်မှာ ပါးရဲ့အရှိန်အဝါတွေကိုသုံးခွင့်အားကိုးခွင့်သာမရရင်
ဘယ်လိုဖြစ်သွားမလဲ တွေးကြည့်လို့ရသည်လေ။

"ဝမ်ရိပေါ်... မင်းငါပြောနေတာကြားရဲ့လား...."

"ကျွန်တော်သွားစရာရှိသေးလို့ သွားလိုက်အုံးမယ်"

"ဘာ...မင်းမှာပြန်ပြောစရာမရှိတော့ဘူးလား"

"ကျေးဇူးတင်ပါတယ် ပြန်ဆပ်ပါ့မယ် ကျွန်တော်သွားတော့မယ်"

ပြန်ဆပ်မယ်လို့ပြောခဲ့လိုက်မှ ငြိမ်ပြီးကျန်ခဲ့ပါးးက
စီးပွားရေးသိပ်ဆန်တယ်....
စိတ်ပူပေးတာမဟုတ်ပဲ
သိက္ခာကျမှာနဲ့မျက်နှာပျက်ရမှာပိုကြောက်နေတဲ့ပါးးက
အတ္တကြီးလွန်းနေတယ်မထင်ဘူးလား...
ကျွန်တော်ကပဲ အတွေးခေါင်ပြီး
သဘောထားသေးသိမ်နေတာလား...
ဘာဖြစ်ဖြစ် ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။
လျော်ကြေးပေးလိုက်ရသည် ဆိုပေမယ့်
ပေါက်ကွဲလိုက်ရတာ တန်တယ်လေ...
_
သတိပြန်ရနေပါစေ နေမြန်မြန်ပြန်ကောင်းပေးပါဆိုပြီး
အတွေးပေါင်းစုံနဲ့ တောင်းဆိုရင်းဆေးရုံကိုသာပြေးလာခဲ့တယ်...
_
_
အခန်းထဲရောက်တော့
ပါးနဲ့မားးး ကငူငူငိုင်ငိုင်ထိုင်နေဆဲ
ယုန်ပေါကိုကြည့်တော့
အောက်စီဂျင်တွေတော့ဖြုတ်ထားပြီးပြီ
ဒါပေမယ့် သွေးသွင်းထားတုန်းပဲ...
မင်းငါ့ကို စိတ်ပူအောင်လုပ်နေတာလားယုန်ပေါ
ငါပြောတဲ့အသံကတိုးလွန်းလို့ ထမလာသေးတာလား..
ကုတင်ဘေးက ခုံမှာဝင်ထိုင်ပြီး
ယုန်ပေါလက်ကိုကိုင်လို့ ကုတင်ပေါ်ခေါင်းမှောက်ချလိုက်တယ်
သတိရလာပါတော့ မြန်မြန်သတိရလာတော့..
_
_
"ဝမ်ရိပေါ် မင်းလက်ဆေးမထည့်ဘူးလား တော်တော်ယောင်ကိုင်းနေပြီ"

My Heart 💘 (Uni & Zaw) (Completed)Onde histórias criam vida. Descubra agora