My Heart💘Extra >3(U&Z)

7.1K 345 12
                                    

(Uin)

ညနေဆည်းဆာအလှနဲ့အတူ
သောင်ပြင်ပေါ်လမ်းလျှောက်ထွက်ရန်
ပြင်ဆင်ပြီးသော်လည်း
ခုထိရေချိုးခန်းထဲကထွက်မလာသေးတဲ့
ယုန်ပေါကို စောင့်ရင်း
ကုတင်ပေါ် ထင်ကာ
မားတို့နဲ့အတူအိမ်မှကျန်ခဲ့တဲ့ယွမ်လေးနဲ့Vc ထိုင်ပြောနေလိုက်သည်။

ယွမ်လေးဆိုတာ လွန်ခဲ့တဲ့သုံးလလောက်ကမှ
မိဘမဲ့ကျောင်းကခေါ်ယူမွေးစားခဲ့တဲ့
ငါးနှစ်အရွယ်ခလေးလေး
ပြောရမယ်ဆိုရင် ရှောင်းကျန့်ရွေးချယ်ခဲ့တဲ့
သူတို့နှစ်ယောက်အတွက်သားလေးဆိုပါတော့
စကားတီတီတာတာနဲ့ဒယ်ဒီ ပါပါးလို့ခေါ်ပြီး အလွန်ပင်လိမ္မာလွန်းသည့်ခလေးလေး....
ဒီကိုအတူခေါ်လာချင်ပေမယ့်
ပါးနဲ့မားကမခွဲနိုင်ဘူး ထားခဲ့ပါဆိုလို့
အိမ်မှာထားခဲ့ရသည်လေ။

"ဒယ္ဒီ....ဒယ္ဒီ....ပါပါးရော....ပါပါးကိုတွေ့ချင်တယ်ယေ....''

"ပါပါးက ရေချိုးနေတယ် ရေချိုးခန်းထဲမှာ...''

"ဒယ္ဒီ...ဒယ္ဒီ ပြန်လာရင် တား...တားးနဲ့အတူဆော့ရမယ်နော်...''

"ဒါပေါ့....ကျိန်းသေတာပေါ့....''

"ယေး....Game ဆော့ရင်တားကိုအနိုင်ပေးရမယ်နော် နောက်ခါကြရင်...''

"နိုင်အောင်ဆော့လေ...''

"ဒယ်...ဒယ်ဒီကလျှော့ပေးယေ တားကို...တား..တားကနိုင်ဖူးချင်သာပေါ့....''

ဝမ်ရိပေါ် ဆိုသည်မှာဉာဏ်တအားပြေးလွန်းပြီး
စီးပွားရေးနယ်ပယ်မှာလည်း ယခုဆိုမသိသူမရှိ
တိကျပြတ်သားလွန်းပြီး တည်ကြည်လွန်းလို့
လုပ်ငန်းရှင်တိုင်း လေးစားအားကျရပြီး
ဝမ်ရိပေါ် ဆိုတဲ့နာမည်အရှိန်အဝါနဲ့တင်ဖိန့်ဖိန့်တုန်အောင်
ကြောက်ကြသည်။

သို့ပေမယ့်လည်း ယုန်ပေါနဲ့ယွမ်လေးအတွက်တော့
သူဟာခလေးဆိုးကြီး....
ယွမ်လေးနဲ့ဆော့တဲ့အချိန်မျိုးမှာ
အရုပ်ဆက်တဲ့အခါလည်း ဆရာကြီးသိပ်လုပ်တတ်သည်
ခလေးဆော့တဲ့ Game လေးတွေကိုယွမ်လေးအားသင်ပေးပြီး
အမြဲတမ်း သူပဲအနိုင်ယူသည်။
ဒါကို ယုန်ပေါကမကြိုက်ဘူးပြောရင်
ပြန်ပြောတတ်သည်မှာ
"ယွမ်လေးနဲ့ဆော့တယ်ဆိုမှတော့ ခလေးပေါ့သူလည်းခလေးငါလည်းခလေးပဲ....နော်ယွမ်လေး...''
တစ်ခါတစ်ခါ
ယွမ်လေးနဲ့လည်းအပြိုင်စိတ်ကောက်တတ်သေးသည်။
ဒါတွေက ဝမ်ရိပေါ်ဆိုးလို့မဟုတ်ပါဘူး
သူ့စိတ်ထဲမှာအရင်းနှီးဆုံးလို့သတ်မှတ်ပြီးရင်
အပွင့်လင်းဆုံးနေထိုင်တတ်သည်မို့ပါ။
ဖြတ်သန်းလာခဲ့ရတဲ့အနေအထားတွေကြောင့်
ရင့်ကျက်တည်ငြိမ်ပေမယ့်
ကလေးမဟုတ်တဲ့ကလေးဆိုးကြီးပါပဲ....
တစ်ခါတစ်ရံ ယွမ်လေးကတောင်အလျှော့ပေးရသည်။
ခုလည်း Game ဆော့တိုင်းအနိုင်ယူတတ်တဲ့
ဒယ္ဒီ့ကို သားသားလေးကအလျှော့ပေးဖို့တောင်းဆိုနေသည်လေ။

My Heart 💘 (Uni & Zaw) (Completed)Où les histoires vivent. Découvrez maintenant