My Heart 💘Ep>18(Uni&Zaw)

5.3K 389 24
                                    

(Uni)

ပစ္စည်းတွေသယ်ပြီး အခန်းထဲကထွက်သွားတဲ့
နောကျောလေးကြည့်ပြီး
ကြည်းနူးကျန်ခဲ့တဲ့ယုန်ပေါမျက်နှာလေးကို
လောင်ဝမ်သာမြင်ရင် ဘယ်လောက်တောင်
အသည်းယားလိုက်မလဲဆိုတာ
တွေးကြည့်ရင်တောင် သိနိုင်တယ်။
_
ငါနဲ့ စတွေ့တုန်းကအေးတိအေးစက်မင်းပုံစံက
တကယ်လန့်စရာကောင်းတယ်
ငါမင်းအပေါ်အပစ်လုပ်မိလို့သာ
ကြောက်ကြောက်နဲ့တောင်းပန်ဖို့သက်သက်ပဲအနားကပ်ခဲ့တာ
ဘာအပစ်မှ မလုပ်မိခဲ့ရင်
အပေါ်ယံကြည့်ပြီး ငါမင်းအနားကပ်ရဲခဲ့မယ်မထင်ဘူး
...အက်လိုတွေ့ဆုံမှုကိုပဲ ကျေးဇူးတင်လိုက်ရင်
ရက်စက်ရာကျသွားမလား....ဟီး..ဟီး...
ကျေးဇူးတင်ပါတယ် လောင်ဝမ်
ငါ့ကိုချစ်ပေးလို့ Video File ကြည့်ရုံနဲ့တောင်
မင်းငါ့အပေါ်ဘယ်လောက်ချစ်လဲဆိုတာ
ငါခန့်မှန်းလို့ရနေပြီမို့ မင်းထက်မပိုနိုင်ဘူးဆိုရင်တောင်
မလျော့သောအချစ်တွေနဲ့မင်းအနားမှာပဲနေသွားပါ့မယ်...
_
_

"သားရှောင်းကျန့် မနက်စာစားတာနည်းလိုက်တာ..."

"သား မနေ့ကလည်း မားလက်ရာများကြီးစားထားသေးတာဆိုတော့ ဗိုက်ကခုချိန်ထိပြည့်နေတယ်...ဟီး....သားသွားတော့မယ်နော်...မား.."

"အင်း....ဂရုစိုက်သွား ရန်တွေလည်းထပ်မဖြစ်စေနဲ့နော် သား ...''

"ဟုတ်ကဲ့...စိတ္ခ်ပါမား..."

နေကောင်းသွားပြီဆိုတော့
ဒီနေ့ပဲအတန်းစတက်တော့မှာဆိုတော့
မနက်စာလျှော့စားရမည်လေ...
လောင်ဝမ်နဲ့မနက်စာအတူစားရအုံးမှာဆိုတော့
အိမ်မှာမစားရင်လည်း မားကစိတ်မကောင်းဖြစ်မှာမို့
နည်းနည်းတော့ အစားပြသင့်တယ်မလား။

_

အိမ်ရှေ့ထွက်စောင့်နေရတာလေးက
အရင်နဲ့မတူ လူကိုပိုပြီးရင်ခုန်သံမြန်စေတယ်
အရင်ကတော့ ရန်ဖြစ်ဘက်လည်းမဟုတ်
သူငယ်ချင်းလည်းမဟုတ် လာကြိုမယ်ဆိုလမ်းကြုံလောက်သာသဘောထားခဲ့ဖူးတာ
ဘယ်ကဘယ်လိုသံယောဇဉ်စတွယ်မိမှန်းမသိတဲ့လူတစ်ယောက်ကိုခုလောက်ထိ ချစ်မိသွားတာလွန်များလွန်နေမလား။
_
ကြည့်ရင်းငေးရင်းမျော်ရင်း တွေ့လိုက်ရတဲ့
ခပ်လှမ်းလှမ်းက အရိ်ပ်လေး တဖြည်းဖြည်းအရှိန်တွေနဲ့
နီးကပ်လာလေ ပိုပြီးရင်ခုန်သံမြန်လေ...
_
"ယုန်ပေါ မတက်နဲ့အုံး....."

My Heart 💘 (Uni & Zaw) (Completed)Where stories live. Discover now