My Heart 💘Ep>29(Uni&Zaw)

4.2K 336 26
                                    

(Uni)

"ဖယ်စမ်းပါကွာ..."

"မဖယ္ဘူး....မင်းပြောလေ...ဘာလို့လည်းဘာလို့ငါ့ကိုစိတ်ကုန်တယ်လို့ပြောရတာလည်း ငါမင်းအရမ်းချစ်တယ်လေ မင်းလည်းငါ့ကိုချစ်တယ်မလားမညာပါနဲ့..."

မညာချင်ပါဘူး ငါလည်းမင်းကိုသိပ်ချစ်ပါတယ်
ဒါ...ဒါပေမယ့်... ငါ့ကိုခွင့်လွတ်ပါ မင်းအနားကထွက်သွားပါရစေ...

"ဟုတ်တယ် ငါမင်းကိုအရင်ကတကယ်ချစ်ခဲ့တယ်
ဒါပေမယ့် အချိန်ကြာလာတာအမျှမင်းနဲ့မတွဲချင်တော့ဘူး...''

ငါ့စကားတစ်ခွန်းတိုင်းကမင်းကိုနာကျင်စေသလို
ငါလည်းနာကျင်ရပါတယ်လောင်ဝမ်ယေ....

"မလုပ်ပါနဲ့...တောင်းပန်ပါတယ် ငါတောင်းပန်နေတယ်လေ ငါနဲ့အတူတူနေပေးပါထွက်မသွားပါနဲ့..."

မင်းရဲ့ဒီလိုပုံစံတွေကြောင့်
ငါပိုခံစားရတယ်လောင်ဝမ်

တားဆီးထားလို့မရတော့တဲ့လက်တွေနဲ့
လောင်ဝမ်နောက်ကျောကိုတင်းကျပ်စွာပြန်ဖက်လိုက်တယ်
နောက်ဆုံးတစ်ခေါက်တော့
မင်းကိုပွေ့ဖက်ထားချင်တယ်
ဝမ်ရိပေါ်လည်တိုင်လေးကို နှုတ်ခမ်းပါးနဲ့နှာခေါင်းချွန်ချွန်လေးတွေပါနစ်ဝင်အောင်နမ်းရှိုက်လိုက်တယ်
ချစ်ရသူရဲ့ကိုယ်သင်းနှံ့လေးကိုတဝကြီးနမ်းရှိုက်ရင်း
ငိုချင်တဲ့စိတ်တွေကိုတင်းထားလိုက်ပြီး
ဝမ်ရိပေါ်နဲ့ကိုယ်ချင်းခွာလိုက်တယ်

ဝမ်ရိပေါ် ငြိမ်သက်လျက် ရှောင်းကျန့် မျက်နှာလိုက်ကြည့်ပြီး အဖြေရှာနေသည်....

မလုပ်ပါနဲ့ ထွက်သွားဖို့ထပ်မပြောလိုက်ပါနဲ့
မင်းခဏပဲ စိတ္ဆိုးတာမလား...ဟင်
မင်းစိတ်ကျေနပ်တဲ့ထိ ငါချော့ပါ့မယ်

ရှောင်းကျန့်က သူ့လက်မောင်းနှစ်ဖက်ကိုင်ထားတဲ့
ဝမ်ရိပေါ်လက်တွေကို ခါထုတ်လိုက်ပြီး
ဆွဲကြိုးကိုချွတ်လိုက်တယ်

"ယုန်ပေါ...ဘာလုပ်တာလည်း အက်တာတော့အမြဲဝတ်ပေးထားပါ ငါတို့ခဏပဲစိတ်ကောက်ကြမယ်လေနော်....အက်လောက်ထိပြသာနာကြီးသွားတာမှမဟုတ်တာ တော်ပါတော့ ငါ...တောင်းပန်နေတယ်..."

My Heart 💘 (Uni & Zaw) (Completed)Donde viven las historias. Descúbrelo ahora