My Heart 💘Ep>44(Uni&Zaw)

4.9K 342 10
                                    

(Uni)

အပြင်ကိုလည်းထွက်ခွင့်မပေး
အရင်းနှီးဆုံးဆိုတဲ့ ဟိုလဒနှစ်ကောင်ကလည်း
ရှောင်းကျန့်အိမ်သို့ အရင်ကလောက် ခြေချမလာတော့ပေ
မားကအိမ်မှာအမြဲလိုလိုရှိပေမယ့်
ပါးကေတာ့ ကုမ္ပဏီမှာအချိန်ကုန်တာများသည်
ဥက္ကဋ္ဌဝမ်ကွယ်လွန်ပြီးနောက်ပိုင်း
အတွင်းရေးမှူးဇယ်ဝူကျွင်းနဲ့လူယုံလက်ထောက်ဖြစ်တဲ့ယန်ရှောင်းကိုပဲ
အလုပ်ကိစ္စ ဟူသမျှကို
ဝမ်ရိပေါ်ကပဲ တာဝန်လွဲအပ်ထားသည်။

ဝမ်ရိပေါ် ရှောင်းကျန့်အိမ်ကိုအမြဲတမ်းလိုလိုရောက်ပေမယ့်
ဂိမ်းပြိုင်ဆော့တာတို့ဘာတို့မရှိတော့ပေ
သူအနားကပ်တိုင်း ခေါင်းကိုက်လာတတ်တဲ့
ရှောင်းကျန့်ကြောင့် ခပ်ခွာခွာနေရင်းရင်နာစွာ အနေအထိုင်ဆင်ခြင်နေရသည်။
ဘာကြောင့်ပဲဖြစ်ဖြစ် ရှောင်းကျန့်နာကျင်နေတာကိုတော့
သူမကြည့်ရက်ပါ.....
အသက်လောက်ချစ်တတ်တဲ့ ရှောင်းကျန့်အချစ်ကြောင့်
အကြိမ်ပေါင်းများစွာ
အားတင်းဂုဏ်ယူမိနေပေမယ့်
ပတ်သတ်ခဲ့သမျှအတိတ်ကို မမှတ်မိတော့လို့
ရင်နှင့်စွာကြွေကွဲရသည်မှာလည်း
အခါခါသေနေရသလိုပါပဲ.....

ခုနောက်ပိုင်း ဆိုင်ကယ်အစား ကားပြောင်းစီးပြီး
မထင်ရင်မထင်သလို အချိန်မရွေး
ရှောင်းကျန့်အိမ်ကိုရောက်ချလာတတ်သည်
အိမ်ရဲ့အပြင်အဆင်တွေကိုလည်း
သူ့စိတ်ကြိုက် ပြုပြင်ပြီး ရှောင်းကျန့်အခန်းရဲ့ဘေးချင်းကပ်အခန်းကိုအပိုင်ယူထားသည်။
ဒါ့အပြင်....
ဧည့်ခန်းတစ်ခုလုံးကိုနေရာယူပြီး
ရေတွက်မရတဲ့စာရင်းဇယားတွေအပြင်
Laptop တစ်လုံးနဲ့တစ်နေကုန်အလုပ်ရှုပ်နေတတ်သေးသည်။

ရှောင်းကျန့် အိမ်မှာနေရတာ မပျင်းရလေအောင်
Lego လေးတွေဝယ်လာပေးတဲ့အပြင်
Game အသစ်တွေကိုပါယူဆောင်လာပေးသည်။
ရှောင်းကျန့် ကြိုက်တတ်တဲ့မုန့်တွေစားစရာတွေနဲ့
အဝတ်အထည်တွေ ဝယ်လာပေးသည်မှာလည်း
ပြောနေစရာပင် မလို....

ဒီအခြေအနေကိုဝေဖန်ရမယ်ဆိုရင်
ရှောင်းကျန့်အိမ်ကိုလာလည်တာနဲ့မတူတော့ပဲ
သူ့အိမ်သူယာလိုစိတ်ကြိုက် နေထိုင်ပြီး
အိမ်ရှင်ကြီး အိမ်ဦးနတ်သဖွယ်ပင်
ဖြစ်နေသည်မလား။

My Heart 💘 (Uni & Zaw) (Completed)Onde histórias criam vida. Descubra agora