My Heart 💘Ep>38(Uni&Zaw)

4.6K 332 6
                                    

(Uni)

"ဟာကြာ.....တော်ပြီလေ
ဒီလောက်ရယ်နေတာ မေမာဘူးလား ဗိုက်ကြောတွေပြတ်ကုန်တော့မှာပဲ ''

"ဟီး.........ဟား.....'''

"တော်ပြီ....မရယ်နဲ့တော့...ကိုယ့်ကိုကိုယ်ပြန်ကြည့်အုံး ပင်ပန်းနေပြီ တော်တော့ကွာ...."

"ဟီး....''

တကယ်လည်းတော်တော်မောနေပြီ
အူတွေတောင်နာလာတယ်.....
အတည်ကြီးထင်ပြီး မျက်နှာကြီးနီရဲသွားတဲ့
လောင်ဝမ်က ဒီလောက်အေးစိမ့်နေတဲ့အခန်းထဲမှာ
ဇောချွေးတွေပြန်လို့ ရှက်ရှက်နဲ့
ဗိုက်ကြောတွေနာမှာစိုးလို့ စိတ္ပူပေးနေသေးတယ်
သူ့ကိုမရယ်တော့ဖို့
ပြောနေပုံက အသည်းယားစရာလေးပါကွာ.....

ကြည့်ကြည့်ပြီး ရယ်ချင်စိတ်ကထိန်းမရ
သူအလှည့်ကျကြောက်တတ်လိုက်တာ...အဟက်.....

"လာ....အိပ်တော့..."

ဝမ်ရိပေါ် ပတ်လတ်အနေအထားလှဲချလိုက်ပြီး
လက်တစ်ဖက်ဆန့်ထုတ်ကာ
လက်မောင်းပေါ်ခေါင်းအုံးဖို့
မေးငေါ့ပြီး အသိပေးလိုက်တော့
ကျင့်သားရနေပြီဖြစ်တဲ့ရှောင်းကျန့်က
အလိုက်တသိ ဝမ်ရိပေါ်လက်မောင်းပေါ်
ခေါင်းအုံးပြီး လှဲချလိုက်တယ်....

"လောင်..ဝမ်....''

"အင်း....စကားမများနဲ့.... အိပ်တော့...Good Night''

လက်မောင်းပေါ်ခေါင်းအုံးပြီး သူ့ဘက်ကို
မျက်နှာမူကာ အိပ်ရန်အသင့်ဖြစ်နေသော
ယုန်ပေါနဲ့မျက်နှာချင်းဆိုင်အနေအထေား
ပြောင်းလှည့်ပြီး ယုန်ပေါကို ပိုတိုး၍ဖက်ထားလိုက်တယ်

"လောင်ဝမ်...''

"အင်း..."

"မင်း...အခန်းပြန်မအိပ်ဘူးလား...."

"ဟင့်အင်း....မင်းကိုဖက်ပြီးအိပ်ချင်တာ...''

"အဟင်း....ဒါနဲ့လေ....တကယ်လို့ ငါကအတည်ကြီးတောင်းဆိုတာဆိုရင်
မင်းကလက်ခံပေးမယ်ပေါ့...."

သကောင့်သားလေးက ဘာဖြစ်နေမှန်းမသိ
ဒီကိစ္စထဲကကို မထြက္ဘူး...
တကယ်ကြီးအဲလိုစိတ်ဆန္ဒရှိနေတာလား
တမင်များစနောက်နေတာလား......

"အင်း....အဲလိုလက်ခံမှမင်းစိတ်ကျေနပ်မယ်ဆိုရင်ပေါ့...''

လက်ခံမယ်ပြောမိတော့
ပါးကို ရွှတ်ခနဲမြည်အောင်လာနမ်းတယ်
ပြောသာပြောလိုက်ရပေမယ့်
တကယ်ကြီးလာလုပ်ရင်တော့ဆိုတဲ့
အတွေးနဲ့တင် ခပ်လှန့်လှန့်ယေ

My Heart 💘 (Uni & Zaw) (Completed)Donde viven las historias. Descúbrelo ahora