My Heart💘Ep>31(Uni&Zaw)

4.3K 303 11
                                    

(Uni)

"Boss ဆေးနည်းနည်းသုံးမလား...."

"မလိုဘူး...."

တကယ္က စိတ်ရှိလက်ရှိ ပြိုလဲပစ်လိုက်ချင်တာ
ဒါပေမယ့် မဖြစ်သေးဘူး
အသက်ရှင်နေသေးသရွေ့တော့
ယုန်ပေါနဲ့ အကြာကြီးနေဖြစ်အောင်နေသွားအုံးမှာ
ခုလွတ်ပေးလိုက်တာ
မင်းကိုစွင့်လွတ်လိုက်တာမဟုတ်ဘူး ယုန်ပေါ.....

"Boss စိတ်ညစ်စရာရှိလို့လား ပေါ့ပါးသွားအောင်
ပြောချင်ပြောချလိုက်ပါလား ကျွန်တော်နားထောင်ပေးမယ်လေ...."

ပေါ့ပါးသွားအောင်.... ?
ဖြစ်နိုင်ပါ့မလား ငါ့နာကျင်ခြင်းတွေကို
အခါတစ်ထောင်တစ်သောင်းသိန်းနဲ့ချီပြီးရွတ်မိနေမယ်ဆိုရင်တောင်....
ဒီရင်ဘက်ကဒဏ်ရာတွေက ပေါ့ပါးသွားမှာမဟုတ်ဘူး

ငါ့မျက်ရည်တွေကိုသာမြင်နိုင်မယ်
ငါ့နှလုံးသားထဲကတောင်းဆိုသံကိုတော့
မင်းမကြားနိုင်ဘူးမလား ယုန်ပေါ
သေချာပေါက်စောင့်နေပါ ရှောင်းကျန့်ဆိုတာ
ဝမ်ရိပေါ်အတွက်ပဲ ဝမ်ရိပေါ် ရင်ခွင်ထဲမှာပဲ
တစ်သက်လုံး ခိုလှုံသွားရမှာ.......

"ငါပြောချင်စိတ်မရှိဘူး Toilet သွားလိုက်အုံးမယ်..."

ပြောပြီး ထသြားတဲ့ Bossရဲ့ ဘောင်းဘီအိပ်ကပ်ထဲကထွက်ကျကျန်ခဲ့တဲ့ ကြယ်လော့ကပ်သီးလေးနဲ့ဆွဲကြိုးက
ဆိုဖာခုံပေါ်မှာ ထင်းလို့လင်းလို့တောက်ပနေသည်....

သိတာပေါ့ ရိုးရှင်းပြီးအရေအသွေးကောင်းလွန်းလို့
တကယ့်တန်ဖိုးကြီး ဈေးအကြီးဆုံးတွေထဲက
တစ်ခုတည်းသော ပစ္စည်း
ပုံစံတူလိုက်လုပ်မယ်ဆိုရင်တောင်
ဒီလိုတောက်ပမှုမျိုးက တစ်ထပ်တည်းကျမယ်မထင်

_
_
ဝမ်ရိပေါ် Toilet ဝင်ပြီး
ဧည့်ခန်းဘက်ပြန်လာတော့
တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်
ဒေါသမီးက ဟုန်းခနဲ.....

"ယွဲ့....မင်..... ပေး..စမ်း....''

"ဟို....ဟို...Boss ကျွ...ကျွန်တော် တောင်းပန်ပါတယ် "

ဆွဲကြိုးကို က်က်နန ကိုင်ကာ
လည်တိုင်မှာ ကပ်ကြည့်နေသည့်
ယွဲ့မင်ကိုမြင်တော့ အစကတည်းမကြည်နေတဲ့စိတ်တွေ
ဒေါသအဖြစ်ပါ ပြောင်းသွားသည်.....

My Heart 💘 (Uni & Zaw) (Completed)Donde viven las historias. Descúbrelo ahora