My Heart 💘Ep>12(Uni&Zaw)

5.3K 408 8
                                    

(Uni)

ဝမ်ရိပေါ်တစ်ယောက် ပေါက်ကွဲမှုပေါင်းစုံနဲ့
အိပ်မပျော် ယုန်ပေါနဲ့အဆက်အသွယ်ဖြတ်ဖို့ထိပါဆုံးဖြတ်လိုက်ပြီး
ဖောင်းအစ်နေသော မျက်ခွံတွေကြောင့်
မနက်4:00မွ မှေးခနဲအိပ်ပျော်သွားသည်။
သူပင်ပန်းနေရှာပြီလေ...။
~
~
6:45 AM ရှောင်းကျန့် အိမ်ရှေ့ထွက်စောင့်နေတာ 15မနစ်လောက်ရှိသွားပြီ ပုံမွန္ဆို 6:30 ရောက်နေကျ

လောင်ဝမ်ကျောင်းသွားပြီလား
ငါ့ကိုဘာလို့ဝင်မခေါ်တာလည်း
မနေ့ကကိစ္စ တကယ်ကြီးစိတ်ဆိုးသွားတာလား....
စိတ်ထဲရှိရာ ကြာကြာမြုံမထားတတ်တော့
ကျောင်းရောက်မှမေးအုံးမယ် ဆိုတဲ့စိတ်နဲ့
ထွက်လာခဲ့တယ်။

ကျောင်းရောက်တော့ လှည့်ပတ်ရှာကြည့်ပေမယ့်
ဘယ်မှာမှမတွေ့ အတန်းချိန်တောင်နီးပြီ
အတန်းထဲမှာများလား အပြေးအလွှား ဝင်ကြည့်ရတာ
အရူးလိုပဲ.....

လောင်ဝမ် ကျောင်းမလာဘူးတဲ့လား
နေမကောင်းများဖြစ်နေတာလား မနေ့ကအကောင်းကြီးပါ
ဖုန်းနံပါတ်ယူသွားပြီးတော့ ဖုန်းလေးဘာလေးဆက်ပြီးအကြောင်းကြားသင့်တာပေါ့
ကိစ္စရှိလို့နေမှာပါလေ ကျောင်းလေးတစ်ရက်မလာတာငါကဘာဖြစ်နေတာလည်း ဟာ.....မသိတော့ဘူးကွာ....
အတွေးပေါင်းစုံနဲ့ အတန်းချိန်ပြီးတာတောင်မသိလိုက်တဲ့အဖြစ်...

"ရှောင်းကျန့် မင်းကိုယ်မင်းပြန်ကြည့်အုံးအပူသည်ရုပ်ပေါက်နေပြီ"

"ကျန်းချန် မဆူပါနဲ့ကွာ..."

"အေး...မဆူဘူး..."

"ဒီနေ့မင်း ငါနဲ့လိုက်မယ်မလား..."

"အင်း...လိုက်မယ်..ဟီး.."

"သိတယ် ဟိုကောင်မရှိမှ..."

ကျန်းချန်ပြောမှ သတိကရလာပြန်ပြီ ဖုန်းလေးဘာလေးတော့ ဆက်သင့်တယ်မလား
ငါစိတ်ပူနေတယ်လေ။

"ရှောင်းကျန့် ဘာဖြစ်သွားရပြန်ပြီလည်း...အဲလောက်ဖြစ်နေရင်လည်း ဖုန်းဆက်လှမ်းမေးလိုက်ပါလား"

"သူ့ဖုန်းနံပါတ်မရှိဘူး"

"ကောင်းတယ် ငါတို့ထက်ရင်းနှီးနေပြီးတော့လေ..."

မျက်စောင်းထိုးပြီးပြောနေတဲ့ ကျန်းချန်ကိုလည်းအားနာမိတယ်
ကိုယ့်အကြောင်းလည်းသူအသိဆုံးဆိုတော့
ကိုယ်ဘာဖြစ်နေလည်း သူရိပ်မိတာမဆန်းပါဘူးလေ။

My Heart 💘 (Uni & Zaw) (Completed)Dove le storie prendono vita. Scoprilo ora