My Heart 💘Ep>11(Uni&Zaw)

5.4K 433 16
                                    

(Uni)

"လောင်ဝမ် ပြန်မယ်လေ ဘာတွေစဉ်းစားနေတာလဲ"

"မင်းကို...ဂျိမ်း. . ."

"ဟမ်....ဘာလဲ...."

အတွေးထဲရှိရာ ပါးစပ်ကပါထိန်းမရ
လြတ္ခနဲ ပြောထွက်တော့မလို့...
တော်သေးတာပေါ့ ဝမ်ရိပေါ်ရေ လေသံတိုးသွားလို့...

"ဟမ်...လောင်ဝမ် ဘာလဲလို့..."

"ကြားလိုက်လား ငါပြောတာ.."

"မကြားလို့မေးတာလေ..မင်းကို...ဆိုပြီးဘာပြောတာလဲ"

ဂျိမ်းမလို့ကွာ ဂျိမ်းမလို့ အသည်းယားအောင်လာလုပ်နေတာပဲ
အမြဲတမ်းအူတူတူအတတနဲ့
မြင်အောင်ကြည့်ပါ ငါချစ်နေတာမြင်အောင်ကြည့်စမ်းပါဆိုပြီး
ငါမင်းကိုသိမ်းပိုက်ချင်တာယုန်ပေါရဲ့..... အဟက်
ကိုယ့်အတွေးနဲ့ကိုယ် လောင်ဝမ် ပြုံးမိလိုက်သည်။

"ဘာမွမျပာဘူး ဘာမှမဟုတ်တော့ဘူး...စကားများမနေနဲ့တော့
လာ ပြန်မယ်..."

"လူကိုဖိဟောက်မယ်ဆိုတာကြီးပဲ...သူ့ဟာသူဘာတွေတွေးနေမှန်းမသိပဲနဲ့ ~~~"

စူပုတ်ပုတ်နဲ့ပွစိပွစိပြောပြီးနောက်ကထိုင်လိုက်လာတဲ့
ကာင်လေးက
ကျွန်တော် ချစ်ရတဲ့ကောင်လေး....
~
~
အရင်ကဆို ဆိုင်ကယ်စီးသင်ဖို့မပြောနဲ့
စက္ဘီးတောင် ဖြောင့်ဖြောင့်မစီးတတ်ဘူး
နောက်က လိုက်စီးရမှာတောင်ကြောက်တတ်တာ
ဒါပေမယ့်
လောင်ဝမ့်ဆိုင်ကယ်နောက်ကလိုက်ရတာတော့
တကယ်ကြိုက်တယ်။
တစ်ခါတစ်လေ စနောက်ပြီး
တမင်အမောင်းကြမ်းတတ်သေးတယ်
လောင်ဝမ့်ခါးကိုဖတ်ထားလိုက်တာနဲ့
စိုးရိမ်စရာမရှိတော့သလို မကြောက်တော့ဘူး...
ပြီးတော့ မြင်နေရတဲ့ လောင်ဝမ့်နောက်ကျောကိုလည်း
တကယ်သဘောကျတယ်......အဟိ
တွေးချင်ရာတွေးပြီး ခဏတာအသိစိတ္လြတ္သြားလားမသိ
လောင်ဝမ့်ခါးကိုပိုတိုးဖက်လို့ နောက်ကျောကိုမှီပြီးမျက်နှာအပ်ကာ ပြုံးနေမိသည်
ဒီလူကို သူပိုင်နေသလိုမျိုးပေါ့....။
~
~
နောက်ကျောကိုလာမှီတဲ့ အထိအတွေ့က
ဝမ်ရိပေါ်ကိုရင်ခုန်စေတယ်ဆိုတာ မင်းမသိလေရော့လား..
ယုန်ပေါ ငါမင်းကိုမြတ်နိုးတယ်
မင်းကိုငါ့အနားပဲထားချင်တယ်
မင်းကိုပိုင်ချင်တယ်
မင်းသိသင့်ပြီလို့ထင်တယ်...

My Heart 💘 (Uni & Zaw) (Completed)Donde viven las historias. Descúbrelo ahora