My Heart 💘Ep>28(Uni&Zaw)

4.2K 337 39
                                    

(Uni)

"ယွဲ့မင် ငါပြောမယ်သေချာနားထောင်
မင်းတို့ဂိုဒေါင်ထဲက လက်နက်ယူပြီးထွက်ခဲ့
ငါအပြင်ကကောင်တွေကိုကိစ္စရှင်းပေးမယ်
မြန်မြန်လုပ် မြန်မြန်ရှင်းမှဖြစ်မယ်..."

"ဟုတ်..ဟုတ်ကဲ့ Boss''

ဝမ်ရိပေါ် သူ့လူယုံဝိမ်းနင်ရဲ့သက်တော်စောင့် ခြောက်ယောက်ခေါ်လာခဲ့တယ် အသံတိတ်သေနတ်ကိုယ်စီနဲ့ပေါ့
ဂိုဒေါင်နဲ့ခပ်လှမ်းလှမ်းမှာ ဆိုင်ကယ်တွေကိုဖွက်ထားခဲ့ပြီး
ဖြည်းဖြည်းချင်း ဂိုဒေါင်နားကပ်လာခဲ့ အနီးအနားမှာကတောထနေတာမို့ လမ်းမကြီးနဲ့ဆိုအတော်ဝေးသည်
အနားရောက်မှ
အလစ်ဝင်သမတဲ့အချောင်သမားတွေကိုစပြီးပစ်ခတ်လိုက်တယ်
အပြင်ကဝိုင်ထားတဲ့ကောင်တွေရှင်းလိုက်နိုင်ပေမယ့်

"ငါ့လူတွေကိုရှင်းလိုက်တယ်ပေါ့..မင်းတို့ထွက်ခဲ့စမ်း ထွက်မလာရင်...မင်းတို့ရဲ့တန်ဖိုးရှိလှတဲ့ခေါင်းဆောင်ယွဲ့မင်ကိုသတ်ပစ်လိုက်မယ်.."

ယွဲ့မင်ကို လက်ပြန်ကြိုးတုတ်ပြီး
ဂိုဒေါင်ထဲကဆွဲခေါ်ကာ သေနတ်နဲ့နားထင်ကိုချိန်ထားတဲ့သူက
ဝမ်ချောင်.....

ဝမ်ရိပေါ် အနည်းငယ်ကြောင်အသွားသည်
ဘာလို့ ဝမ်ချောင်ဖြစ်နေရတာလည်း
နောက်မှာလည်းသူ့လူတွေနဲ့
ယွဲ့မင်ကိုဘယ်လောက်တောင်ရိုက်ထားသလည်းမသိ
တကိုယ်လုံးစုတ်ပြတ်သပ်လို့
သိပ်မကြာသေးခင်က ဖုန်းပြောနေတာအကောင်း
အချိန်ခဏလေးအတွင်းဘာတွေဖြစ်သွားတာလည်း လျင်လိုက်တာ...
ဒီလိုအလစ်ဝင်သုတ်တာက အောက်တန်းကျလွန်းတယ်
ဒါမျိုးလုပ်နေတာ ပါး..သိလားတစ်ဖွဲ့တည်းလား မဖြစ်နိုင်တာ

"ဟေ့ကောင်တွေထွက်ခဲ့ကြလေ ထွက်မလာရင်ငါပစ်တော့မှာနော်.....ဟား ဟား..ဘာတတ်နိုင်သေးလည်း မင်းတို့ခေါင်းဆောင်သေမှာတော့ကြောက်တတ်သားပဲ
မင်းတို့မျက်နှာဖုံးတွေချွတ်လိုက်..."

မျက်နှာဖုံးချွတ်ဖို့ကတော့အဆင်မပြေ

"စောက်စကားတွေမရှည်နဲ့ မင်းဘာလိုချင်တာလည်း ...''

ဝမ်ရိပေါ် စကားကြောင့် ဝမ်ချောင် ဒေါသထွက်သွားပေမယ့် သူလိုချင်တာဆက်ပြောလိုက်သည်

My Heart 💘 (Uni & Zaw) (Completed)Where stories live. Discover now