My Heart 💘Ep>9(Uni&Zaw)

5.8K 432 10
                                    

(Uni)

"လောင်ဝမ် မင်းဆုဆုကိုကြိုက်နေတာလား"

မင်းကိုချစ်နေတာပါလို့ပြောရင် မင်းငြင်းမှာမလား
ငါဘယ်လို်ပြောရမှာလဲ

"မကြိုက်ပါဘူး မင်းနဲ့ကစားချင်ရုံသပ်သပ်ပါ"

"ဘာလို..."

အံ့ျသသလို နားမလည်သလို ကြည့်နေတဲ့ယုန်ပေါကို
ဘယ်လိုရှင်းပြရမှန်းမသိစကားလုံးတွေအပြေးအလွားလိုက်ရှာမိတယ်
ဖွင့်ပြောလိုက်ရင် အငြင်းခံရမှာကြောက်တယ်
ကိုယ်ချစ်တဲ့ယုန်ပေါက မိန်းမတွေကိုပဲစိတ်ဝင်စားနေတာ
တဖြည်းဖြည်းချင်း သံယောဇဉ်နဲ့ပုံသွင်းဖို့ကြိုးစားနေတာရိပ်မိသွားလို့လည်းမဖြစ်ပြန်ဘူး....

"လောင်ဝမ် ကစားချင်ရုံဆိုတာ ဘာကိုပြောတာလဲ.."

"အော် ဒီလိုလေ မင်းလိုက်မယ့်ကောင်မလေးတွေကို ငါလဲလိုက်မယ် သူတို့ကဘယ်သူ့ဘက်ကိုပါမှာလည်း မင်းလားငါလား အဲလိုသိချင်ရုံပါ..."

"ဒါဆို မင်းကငါနဲ့ပြိုင်တာပေါ့ အက္လိုလား"

ပါးစပ်ထဲရှိရာလျှောက်ပြောမိလိုက်တာက
စိန်ခေါ်သလိုဖြစ်သွားတာသတိမထားမိလေရော့လား....

"လောင်ဝမ် မင်းအနေအထားက လိုက်စရာမလိုတဲ့အနေအထားလေ ဘာလို့ကစားချင်ရတာလဲ"

မင်းကိုချစ်မိလို့....... စိတ်ထဲရှိပေမယ့်ဝန်မခံရဲတဲ့စကား
တကယ်ကိုပြောထွက်ဖို့မှမလွယ်တာ...

"ငါပျင်းလို့...ငါမင်းနဲ့ကစားချင်လို့"

"ကောင်းပြီလေ မင်းမနိုင်စေရဘူး မင်းမသိလိုက်ခင်မှာ ငါရည်းစားတစ်ယောက် ရကိုရစေရမယ်.."

မျက်ခုံးပင့်ပြီး ပြောလာတဲ့ပုံကတကယ်လုပ်တော့မယ့်ရုပ်...
ဘယ်ချိန်တည်းက ရည်းစားလိုချင်နေလည်းမသိ
ဒီတိုင်းနေလိုက်ရင်ကောင်းသား ခုတော့ရည်းစားရှာဖို့လမ်းစပေးလိုက်သလိုပဲ.....ဖာ့ခ်
တက်တက်ကြွကြွနဲ့ရည်းစားထားဖို့ကျိန်းဝါးနေတာက လောင်ဝမ့်ကိုစိတ်ဓာတ်ကျစေတာ သူမသိလေရော့....

"အင်း...ငါလိုက္လုမွာ...ခုတော့ပြန်ရအောင်..."

"မင်းစောင့်ကြည့်လိုက် "

My Heart 💘 (Uni & Zaw) (Completed)Wo Geschichten leben. Entdecke jetzt