My Heart 💘Ep>34(Uni&Zaw)

4.8K 355 25
                                    

(Uni)

"ဝမ်...ဝမ်ရိပေါ်....ငါ...ငါတို့တောင်းပန်ပါတယ်..."

ရှောင်းကျန့် ကိုတစ်ယောက်တည်းထားခဲ့ပြီး
အခန်းတံခါးအသာပိတ်ကာ
ဖုန်းပြောရင်း အောက်ထပ်ဆင်းလာခဲ့တယ်
မပြန်သေးတဲ့ သကောင့်သားနှစ်ကောင်က
မျက်နှာငယ်နဲ့ တောင်းပန်ရှာသည်။

သတ်ပစ်ချင်နေတဲ့အထဲမှာလည်း
ဒင်းတို့နှစ်ကောင်ပါသည်
ဂရုစိုက်ပါမယ်ပြောပြီး ခေါ်သွားတာတဲ့
ပျောက်သွားတာတောင် မသိလိုက်ရအောင်
ဘယ္လိုတွေတောင်
သောက်ကမြင်းကျောထနိုင်ကြတာလည်း

တောင်းပန်နေတဲ့နှစ်ကောင်ကို
မကြည်ကြည့်ပေးလိုက်တယ်...

"ရှောင်းကျန့် နေမကောင်းနေတာကို သိရဲ့နဲ့ ဘာကိစ္စခေါ်သွားကြတာလည်း..."

ဝမ်ရိပေါ် ဝမ်ရိပေါ် သူပဲရှောင်းကျန့်ကိုပစ်ထားပြီးတော့များ
တောင်းပန်နေတာကို အထားကြီးနဲ့
သူ့အလုပ်သမားများမှတ်နေလားပဲ...ဟွန်းးး

"အဲတာမင်းကြောင့်လေ ဝမ်ရိပေါ် သူကအသည်းကွဲနေတာ သူလိုက်ချင်တယ်ဆိုလို့မကြည့်ရက်လို့ခေါ်သွားတာ...ငါတို့ကိုပဲအပစ်ပြောနေတယ် မင်းကျတော့သူနေမကောင်းတာလာကြည့်ပေးလို့လား..."

ရွှယ်ယန်ပြန်ပြောလိုက်တော့ ဝမ်ရိပေါ် ခဏငြိမ်ကျသွားသည်
လာမကြည့်တာမဟုတ်ဘူး
ခဏလေးအလစ်မှာဖြစ်သွားတာ...

"ကျစ်....မင်းတို့က ရှောင်းကျန့်ရဲ့သူငယ်ချင်းတွေမှဟုတ်ရဲ့လား...."

"ဟာ...ဝမ်ရိပေါ် မင်းအဲလိုတော့မပြောနဲ့ရှောင်းကျန့်ကငါတို့ရဲ့အချစ်ဆုံးသူငယ်ချင်း ပြီးတော့ခုကိစ္စကလုပ်ကြံခံရတာအသေအချာပဲ ငါတို့ကောင်ကြီးယုံတယ် ဘယ်တော့မှ ဒီလိုလုပ်မှာမဟုတ်ဘူး ပြောမဲ့သာပြောရတာ အဲတာမင်းကြောင့်လည်းဖြစ်နိုင်တယ်......"

"ဘာ...."

သူတို့အပြန်အလှန်ပြောသမျှ ပါးနဲ့မားကငူငူငိုင်ငိုင်လေး ထိုင်ပြီး နားထောင်နေရှာသည်...

"ဟုတ်တယ်လေ ရှောင်းကျန့်က ငါတို့ကိုဘာမှမပြောပြပေမယ့် ရိပ်မိတယ် မင်းအဖေကမင်းနဲ့ရှောင်းကျန့်ကိုသဘောမတူဘူးမလား...."

My Heart 💘 (Uni & Zaw) (Completed)Onde histórias criam vida. Descubra agora