My Heart 💘Ep>25(Uni&Zaw)

4.7K 340 6
                                    

(Uni)

"ငါမေးနေတယ် ဖြေလေ ဘာကိုအနေရခက်တာလည်း
ငါတို့ကပိုရငိးနှီးသွားတာမဟုတ်ဘူးလား...."

ဘာလို့နားမလည်ရတာလည်း
ဘာလို့အတင်းကြီးလည်း
အက်လိုမင်းပုံစံတွေက ပိုနေရခက်စေတယ်ဆိုတာ
သိသင့်တယ်မလား...

"လောင်ဝမ်....မင်းဘာဖြစ်နေတာလည်း ငါ့ကိုမရစ်ပါနဲ့တော့"

ရစ်တယ် ရစ်တယ်တဲ့လား...ကျစ်..
ငါ့ခံစားချက်ကို မင်းနည်းနည်းလေးမှနားမလည်ဘူး
နားလည်ဖို့လည်း မကြိုးစားဘူး....
သက်ပြင်းတစ်ချရင်း ဒေါသတွေတိုနေစိတ်တွေလျှော့ချလိုက်တယ်...

"ကျန်းချန် မင်းကိုကြိုက်နေတာလား...မင်းကရောသူ့ကိုဘယ်လိုသဘောထားထားတာလည်း..."

"ဟမ်...."

ဘာလို့ရုတ်တရပ်ကြီး ဒါကိုထမေးတာလည်း
နားကိုမလည်တော့ဘူး
ပြသာနာ ရှာချင်နေတာလား
မင်းကငါ့ဘဝတစ်ခုလုံးဆိုတာမင်းမသိလို့လား

"သူငယ်ချင်းလေ ဘယ်လိုသဘောထားရမှာလည်း အရင်းနှီးဆုံးငယ်သူငယ်ချင်းတွေလေ..."

"ဘယ်လောက်တောင်ရင်းနှီးတာလည်း မနက်တိုင်းဖုန်းခေါ်တာလား..."

လောင်ဝမ်စိတ်တိုနေရတဲ့အကြောင်းခုမှရိပ်မိသည်
ကျန်းချန်ကြောင့်လား....

"ကျန်းချန် ဖုန်းခေါ်တာလား..."

ကပျာကယာရှာပြီး ခုံပေါ်ကဖုန်းကိုလှမ်းကိုင်တော့
ဆောင့်ဆွဲခံလိုက်ရတယ်
လက်နှစ်ဖက်လုံးစုပြီး လောင်ဝမ့်လက်နှစ်ဖက်နဲ့အုပ်ကိုင်ထားတယ်

ဒီလိုမျိုးတွေ မကြိုက်ဘူးဆိုတာသိသိရက်နဲ့
ဘာလို့မဆင်ခြင်ရတာလည်း....
အတတ်နိုင်ဆုံး စိတ်ကိုလျှော့ချလိုက်ပြီး

"ဘာလို့လည်း အဲလောက်အရေးကြီးလို့လား ငါ့ထက်လေ..''

"မဟုတ်ပါဘူး...ဒါပေမယ့် သူငယ်ချင်း အချင်းချင်းလေ ငါကျောင်းမတက်လို့ သတင်းလှမ်းမေးတာမလား"

သေချာသိနေတာပဲ ဒါဆိုဖုန်းခေါ်နေကျပေါ့
ဒါပေမယ့် ခုချိန်မှာငါကသာ အရင်းနှီးဆုံးမလား
မင်းကိုငါပဲဂရုစိုက်ချင်တာလေ....

My Heart 💘 (Uni & Zaw) (Completed)Donde viven las historias. Descúbrelo ahora