(Uni)
မနက်ခင်းဆိုတာကြီးက အထီးကျန်လွန်းတယ်
ကူမင်းမြို့ကိုပြန်ချင်ပေမယ့် စိတ်တွေလေးနေတုန်းပဲ
ကုတင်ဘေးကခုံပေါ်က
ယုန်ပေါငယ်ငယ်တုန်းကပုံလေးကပြုံးလို့
အဲအပြုံးက ခုချိန်ထိမပြောင်းလဲဘူးနော်
မင်းပြုံးရင် ငါအရမ်းသဘောကျတာသိလား...Ring....Ring...Ring....
ရင်ခုန်နှုန်းတွေ ဆောင့်တက်သွားတယ်
မနေ့ညက တစ်ညလုံး ထိုင်ခေါ်နေမိတဲ့
ဖုန်းနံပါတ်လေး....ခုတော့ပြန်ခေါ်ဖော်ရပြီပေါ့.."ယုန်ပေါ..မင်းဘာလို့ ညကဖုန်းမကိုင်တာလည်း
ဖုန်းစိမ်းမို့လို့လား ဖုန်းမကိုင်ဖြစ်ရအောင် မင်းဘာလုပ်နေလို့လည်း မင်းရည်းစားရသွားတာနဲ့ငါ့ကိုပါမေ့လိုက်တာလား..."ဖုန်းကိုင်ပြီး ပြောချင်ရာတွေဇွတ်ပြောပြီး
အော်ငေါက်မိတယ်...
ဒါခံရခက်တယ်လေ..
သူတစ်ညလုံး ဖုန်းခေါ်ပြီးအတွေးပေါင်းများစွာနဲ့
ဘယ်လောက်ပင်ပန်းခဲ့ရလည်းဆိုတာ သူပဲသိတယ်။"နေ..နေပါဦးကွာ...ကိုယ်က ဒီဖုန်းပိုင်ရှင်မဟုတ်ပါဘူး"
"ဟင်...ဒါဆို ခင်ဗျားလက်ထဲဘယ်လိုရောက်နေတာလည်း"
"ဒီလိုပါ...ဖုန်းပိုင်ရှင်က ဝိုင်းရိုက်ခံရလို့ ကိုယ်ကဆေးရုံတင်ပေးရင်းနဲ့ ဒီဖုန်းကကိုယ့်ဆီပါလာတာပါ"
ခေါင်းတစ်ခုလုံးပူထူသွားပြီး
ဆောင့်တက်လာတဲ့ စိုးရိမ်မှုတွေ
ဆို့နင့်ပြီး အသက်ရှူဖို့ပင်မေ့နေ...
ဒါ..ဒါဆို...ငါဖုန်းခေါ်နေတဲ့အချိန်သူဆေးရုံမှာပေါ့
ဆွံအပြီးပြန်မပြောနိုင် မျက်ရည်များသာကျလာသည်။"ခုလည်းဆေးရုံရောက်ရင်ပြန်ပေးမလို့ထုတ်ကြည့်မိတော့ Missed call တွေကမရေတွက်နိုင်အောင်များနေတော့ ကိုယ်မနေနိုင်တော့လို့ပြန်ဆက်လိုက်တာပါ ကိုယ့်ကြောင့်အထင်မလွဲစေချင်ဘူးလေ"
စကားဆက်မပြောတော့ပဲ
ဆေးရုံနဲ့အခန်းနံပါတ်ကိုသာမေးပြီး
ဆိုင်ကယ်ကို ဒုန်းစိုင်းမောင်းချလာခဲ့သည်။
_
_
ဒဏ်ရာပြင်းထန်ပြီး
သွေးထွက်များသွားသောကြောင့်
သွေးသွင်းထားရတဲ့အပြင်
သတိလစ်သွားပြီး အသက်ရှူမမှန်သေးတာကြောင့်
အောက်စီဂျင်တပ်ပေးထားရသည်။
_
_
ဆေးရုံထဲမှာ အခန်းနံပါတ်ကိုအလောတကြီး
လိုက်ရှာနေတာ အရူးတစ်ယောက်လိုပဲ။
အခန်းနားရောက်ခါနီးတော့ ကျန်းချန်နဲ့ရွှယ်ယန်ကိုတွေ့တယ်...
YOU ARE READING
My Heart 💘 (Uni & Zaw) (Completed)
WerewolfMy Heart 💘(Uni&Zaw) အရဲစွန့်ပြီး ဖွင့်ပြောမယ်လို့ ရည်ရွယ်ခဲ့တာ ငါချစ်တဲ့မင်းကို ငါပဲပိုင်ဆိုင်ချင်တာ ငါပဲပွေ့ဖတ်ချင်တာ.....ငါပဲထိတွေ့ချင်တာ... ငါနဲ့ပဲရှေ့ဆက်သွားစေချင်တာ... #WangYiBo ဘာလို့လဲ လောင်ဝမ် မင်းဖွင့်ပြောလိုက်ရင် သိက္ခာကျမှာစိုးလို့ ငါဝန...