(Uni)
My Heart Extra >1
ပခုံးပေါ်မှီပြီးငိုနေတဲ့ကောင်လေးကို
အသည်းယားစွာ လည်တိုင်လေးတွေကို
ဖွဖွလေးအနမ်းပေးရင်း ချော့နေလိုက်တော့
ခေါင်းလေးထောင်ကာ မျက်နှာကိုလာကြည့်တဲ့ယုန်ပေါလေးရဲ့
ပါးနှစ်ဖက်ကို အုပ်ကိုင်လိုက်တယ်
လက်မလေးနဲ့ မျက်ရည်လေးတွေကိုသုတ်ပေးရင်း
မငိုတော့ဖို့ချော့နေရသည်။"ကဲပါကြာ... မငိုနဲ့တော့နော်...''
ဘာမှပြန်မပြောရှာပဲ မျက်ရည်ဝဲတဲတဲနဲ့ကြည့်ကာ
ပြုံးပြီး အဆက်မပျက် ခေါင်းညိတ်ရှာသည်။
ငိုထားလို့များ ပို၍ကြည့်ကောင်းနေသည်လား
မျက်ရည်ဝေ့နေတဲ့ မျက်လုံးလေးတွေကအရောင်တလက်လက်တောက်ပနေပြီး
နှာခေါင်းထိတ်လေးကနီလို့ နုဖတ်နေတဲ့မျက်နှာလေးက
ဆွဲဆောင်မှုအားပြင်းလွန်းနေသည်
နီရဲနေတဲ့နှုတ်ခမ်းချွန်ချွန်လေးတွေက
ဝမ်ရိပေါ်ရဲ့သမာဓိအားကိုဖြိုခွင်းပစ်လိုက်သလို
ထိန်းချုပ်နိုင်စွမ်းတွေ လွှင့်စင်သွားသည့်အခါမှာတော့....
ရှောင်းကျန့်ရဲ့နှုတ်ခမ်းလေးတစ်စုံလုံးကိုငုံခဲလိုက်တယ်နွေးအိအိနှုတ်ခမ်းသားတွေက
ရူးလောက်အောင်နုညံ့လွန်းတာမို့
မလွတ်တမ်း ထိကပ်ထားချင်တဲ့လောဘတွေနဲ့
ဖြည်းဖြည်းချင်း အရှိန်တက်လာကာ
အနမ်းတွေကို
အငမ်းမရ သုံးဆောင်နေသည်။အသက်ရှူသံပြင်းပြင်းတွေကြား.....
"အွင်း...အွင့်...ကော...ကောဝမ်....''
ရှောင်းကျန့် မျက်မှောင်ကြုံ့ကာ
ဝမ်ရိပေါ်နဲ့ခန္ဓာကိုယ်ချင်းခွာလိုက်တယ်
အကြောင်းရင်းက ဝမ်ရိပေါ်ရဲ့
အငယ်ကောင်လာထောက်နေသောကြောင့်
..."ဟိုလေ...ကိုယ်...ကိုယ်မရတော့ဘူး....ဟို.....ရေချိုးခန်းထဲဝင်လိုက်အုံးမယ်နော်....''
"ဟမ်.....ကော...ကောဝမ်..အာ....''
"ဟီး......''
ဝမ်ရိပေါ် ရှက်ရှက်နဲ့ သူ့ဟာလက်နှင့်အုပ်ကိုင်ကာ
ရှိသမျှသွားတွေအကုန်ပေါ်သည့်ထိ
ပြုံးဖြီးပြနေသည်လေ..ရှက်တယ် ဒါတကယ်ရှက်စရာကြီး
ဒီအခြေအနေက
ခုနကပဲ ကိစ္စရှင်းထားတာသုံးချီတောင်ရှိပြီကို
ကျစ်......
ငါ့သမာဓိအားက မင်းနဲ့တွေ့ရင်
တက်တက်စင်အောင်နည်းနည်းလေးမှကိုထိန်းချုပ်လို့မရတော့တာပဲ....
KAMU SEDANG MEMBACA
My Heart 💘 (Uni & Zaw) (Completed)
Manusia SerigalaMy Heart 💘(Uni&Zaw) အရဲစွန့်ပြီး ဖွင့်ပြောမယ်လို့ ရည်ရွယ်ခဲ့တာ ငါချစ်တဲ့မင်းကို ငါပဲပိုင်ဆိုင်ချင်တာ ငါပဲပွေ့ဖတ်ချင်တာ.....ငါပဲထိတွေ့ချင်တာ... ငါနဲ့ပဲရှေ့ဆက်သွားစေချင်တာ... #WangYiBo ဘာလို့လဲ လောင်ဝမ် မင်းဖွင့်ပြောလိုက်ရင် သိက္ခာကျမှာစိုးလို့ ငါဝန...