My Heart 💘Ep>7(Uni&Zaw)

6.8K 484 19
                                    

(Uni)

မနက် 6:00 ပုံမှန် Alarm သံကြောင့် ရှောင်းကျန့် လှန့်နိုးသွားသည်။
ခေါင်းတစ်ခုလုံးလည်း ကိုက်ခဲလို့ အိပ်ရာထဲခဏပြန်မှေးလိုက်တယ်

ပြန်နိုးလာတော့ ့ညကအကြောင်းပြန်စဉ်းစားကြည့်တယ်
မနေ့ကသောက်တာများသွားတာကလွဲပြီး ဘာမှပြန်စဉ်းစားလို့မရ...
နားထင်ကြောတွေကို ဖိနိုပ်လိုက်တယ်...
နာရီကြည့်တော့ 7:00 Am
ရေချိုးလိုက်ရင်တော့ လန်းသွားလောက်တယ်ပေါ့...
အဝတ်အစားလစ်ဟာနေတာကိုတော့ သတိမထားမိ
စောင်ဆွဲလှန်လိုက်မှ.....

"ဟမ်....ငါ..ငါကဒီလိုကြီးအိပ်ပျော်သွားတာ ဘယ်လိုချွတ်လိုက်တာလည်းညက"

ခေါင်းကုတ်ပြီး စဉ်းစားမရ
တကယ်လို့ပါးးဆိုရင်လည်း ဒီတိုင်းထားခဲ့မှာမဟုတ်
အဝတ်အစားတော့လဲပေးမှာပေါ့....
တော်ပါပြီ ရှည်ရှည်ဝေးဝေးတွေးမနေတော့ပဲ
ကိုယ့်ဟာကိုယ်ချွတ်အိပ်မိတာနေမှာပါ...
ရေချိုးတာပဲကောင်းမယ်
မျက်နှာသစ်တော့ သတိထားမိတာနှုတ်ခမ်းအောက်သားတွေညိုပြီထုံနေတာ...
ဘာလို့ပါလိမ့်

ဒေါက်...ဒေါက်..ဒေါက်

"သား ရှောင်းကျန့် နိုးပြီလား မားဒီမြာ သံပုရာရည်ယူလာတယ် မားဝင်လာမယ်နော်...."

"ဟုတ် မား...သားရေချိုးနေလို့ ထားခဲ့ပေးပါလား..."

"ဒါဆို မား ခုံပေါ်တင်ထားခဲ့တယ်နော်..."
~
~
"ဝမ်ရိပေါ်ရော အဲကလေးအိပ်ရာကမထသေးဘူးလား...."

"ခုနကပဲထွက်သွားပြီ...ကျွန်တော် အရင်သွားနှင့်တော့မယ်မားးတဲ့ ပါးးကိုပြောလိုက်ပါတဲ့ ရှောင်းကျန့် မထနိုင်မှာစိုးလို့မစောင့်တော့ဘူးပြောပြီးထွက်သွားတာပဲ..."

"အင်းပါ ကိုယ် ကုမ္ပဏီ သွားလိုက်အုံးမယ်..."

"မားနဲ့ပါး သားနောက်ကျနေလို့ သွားလိုက်တော့မယ်..."

မားမနက္စာ စားသွားအုံးလို့ လှန်းပြောတာတောင်ပြန်မဖြေနိုင်
အတန်းနောက်ကျမှားစို့လို့ အပြေးထွက်လာခဲ့တယ်...
ဒီချိန်လောက်ဆို လောင်ဝမ် Coffee သောက်ပြီးလောက်ရောပေါ့.....
~
~
ရှောင်းကျန့် ကျန်းချန် အိမ်မနီးပေမယ့် အရင်ကဆိုအမြဲအိမ်ရှေ့လာပြီးသူ့ကားနဲ့ဝင်ကြိုနေကြ
လောင်ဝမ်ကိုလိုက်ချော့ရတယ့်နေ့ကစပြီး Bus နဲ့ပဲလာခဲ့ရတယ်..
ကျန်းချန်ကြီးကတော့ အဲနေ့ကစပြီး လာမကြို စိတ်ဆိုးသွားတာလည်းပါမှာပေါ့...
ကျောင်းရောက်တော့အတန်းထဲ ဆရာဝင်နေပြီ
မလာပဲနားလိုက်ရင်ကောင်းသား ရောက်နေပြီဆိုမှတော့
ခိုးဝင်ရတော့မှာပေါ့....

My Heart 💘 (Uni & Zaw) (Completed)Where stories live. Discover now