My Heart 💘Ep>5(Uni&Zaw)

7.3K 537 27
                                    

(Uni)

"လောင်ဝမ် ငါ့ကိုစောင့်အုံးလေ ဘာတွေစိတ်ဆိုးသွားတာလည်း Coffee အရသာမရှိလို့လား နောက်နေ့ဆိုင်ပြောင်းဝယ်ပေးမယ်"

"တိတ်စမ်း နားငြီးတယ် အတန်းချိန်နီးပြီ... "

"အာ..အေးပါ..အေးပါ..."
~
~
~
အတန်းထဲရောက်တော့ စူးစူးရဲရဲ မျက်လုံးနှစ်စုံ ....
ကျန်းချန် နဲ့ ရွှယ်ယန်...

"ဟို....ကျန်းချန် ငါမနက်ကကိစ္စလေးရှိလို့ စောစောထွက်ခဲ့လိုက်တာ.."

ကျန်းချန် မျက်စောင်းနဲ့ကြည့်နေတုန်းပဲ...
မတတ်နိုင်ဘူးလေ သူငယ်ချင်းတွေစိတ်ဆိုးရင် မျက်နှာပြောင်တတ်ရတယ်တဲ့.....
အက်တော့ ရယ်ပဲရယ်ပြလိုက်ပြီး....
ရွှယ်ယန် နဲ့နေရာချင်းလဲထားတဲ့ လောင်ဝမ့် ဘေးကခုံမှာဝင်ထိုင်လိုက်...
ယုန်ပေါတို့ပြောသမျှ လောင်ဝမ်ကအတိုင်းသားကြား.....

"ကျန်းချန် အတန်းကပြန်ရင် မုန့်ဝယ်ကျွေးမယ်လေ...နော်..နော်..."

ယုန်ပေါ...မင်းကလူတကာကို ဒီလိုပဲလိုက်ချော့နေကျလား..
တန်ဖိုးမရှိလိုက်တာ ပေါလွန်းတယ်....

"ရွှယ်ယန် မင်းအကြည့်ကိုပြင်လိုက်စမ်းပါကွာ..ငါ မုန့်ဝယ်ကျွေးမယ် အတူတူပြန်ကြမယ် ဟီး......"

ယုန်ပေါဆိုသည်မှာ....အချော့အလွန်တော်သူ...ရည်းစားတွေကိုတော့မဟုတ်ဘူး သူငယ်ချင်းတွေကို.....
~
~
~
"ဝမ ်ချောင်"

"ဟုတ်ကဲ့ ပြောစရာရှိလို့လား မား...."

"ပြောစရာမဟုတ်ဘူး မေးစရာ...."

"ဟုတ်ကဲ့.."

မားးကခက်ထန်ပြီး တင်းမာလွန်းတော့ ဝမ်ချောင် ကြောက်ရသည်....
ငယ်ငယ်လေးတည်းကပုံသွင်းထားတဲ့အတိုင်း ပြောသမျှအမိန့်ကိုလည်း လွန်ဆန်ရဲတာမရှိ......

"ဝမ်ရိပေါ် ဆိုတဲ့ ငနဲလေးအကြောင်း မင်းဘယ်လောက်သိထားပြီလည်း...အခုအခြေနေကိုမေးနေတာနော် တလွဲမဖြေနဲ့....."

"ဟို...အေးအေးဆေးဆေးပါပဲမား...သူက ကုမ္ပဏီဘက်ကိုနည်းနည်းလေးမှ လှည့်ချင်ပုံမရလို့ ကျွန်တော်တို့ စိတ်ပူစရာမရှိလောက်ပါဘူး...ပြီးတော့ သူကစီးပွားရေးမေဂျာတက်နေပေမယ့် အကသင်တန်းတွေလိုက်စုံစမ်းနေတယ်လို့သိရပါတယ်....."

My Heart 💘 (Uni & Zaw) (Completed)Donde viven las historias. Descúbrelo ahora