(Uni)
"လောင်ဝမ် တော်ပြီလေ.. ဒေါက်တာတွေ Nurse တွေလှည့်လာရင် မသင့်တော်ဘူးလေ ဒါနဲ့ မင်းလက်ကဘာဖြစ်တာလည်း...."
မျက်နှာချင်းခွာပြီး စူပုတ်ပုတ်နဲ့စိုးရိမ်သလိုမေးနေပေမယ့်
ပါးလေးကို ကိုင်ထားတဲ့လက်တွေကမလွတ်သေးတဲ့အပြင်
နှုတ်ခမ်းလေးတွေကိုပါ လက်မလေးနဲ့ပွတ်သပ်ပြီးစိုက်ကြည့်နေတုန်းပဲ။"ငါ့လက္ဘာမွမျဖစ္ဘူး
အဲနှုတ်ခမ်း ငါ့ကိုအပိုင်ပေးပါလား..""ဟမ်..."
တစ်စိမ့်စိမ့်ကြည့်ပြီးပြောမိတယ်...
တကယ်လိုချင်တာ
ခွင့်တောင်းစရာမလိုပဲ ဘယ်အချိန်မဆိုအဲနှုတ်ခမ်းလေးကိုထိတွေ့ချင်တာ...."လောင်ဝမ်...."
"အင်း..."
အကြည့်တွေကနှုတ်ခမ်းဆီမှာစူးစိုက်နေတုန်းပဲ
ဒဏ်ရာတွေနဲ့မို့သာ ဒီနှုတ်ခမ်းလေးကိုသက်ညှာနေတာ
စိတ်ရှိလက်ရှိကို ဖိကပ်ပြီးထိတွေ့ပစ်လိုက်ချင်မိ.."လောင်ဝမ်...မင်းဘယ်လိုဖြစ်နေတာလည်း ငါရှက်တောင်ရှက်လာပြီ တော်တော့ အဲလိုလုပ်မနေနဲ့တော့"
"အင်း...အပိုင်ပေးမှာလား..."
သက်ပြင်းချလိုက်မိတယ်...တော်တော်ကိုဖြစ်နေတာပဲ..
"ငါ့နှုတ်ခမ်းကငါ့ဆီမှာရှိတာလေ မင်းကိုဘယ်လိုလို့အပိုင်ပေးလို့ရမှာလား"
"မဝေးနဲ့ယုန်ပေါ..ငါမင်းကို နမ်းချင်တဲ့ချိန်နမ်းမှာ အမြဲတမ်းခွင့်တောင်းနေရရင် စိတ်မရှည်ဘူး"
အနမ်းလည်းခံရအုံးမယ် ဒါတောင်ခွင့်တောင်းရရင် စိတ်မရှည်ဘူးတဲ့လား....တောင်းဆိုပုံကလည်း စေတနာရှိချင်စရာ...
"အင်း....ပေးတယ်"
"တကယ်နော်..."
လိုချင်တာရမှ ပြုံးဖြီးပြီး ပြွတ်ခနဲ မြည်အောင်
လာနမ်းပြီး ရယ်ပြနေသေးသည်။"အဟမ်း...အဟမ်း.."
အလိုက်ကန်းဆိုးမသိ ချောင်းဟန့်သံပေးပြီးဝင်လာရတာ
တာဝန်အရပါ..."ဒေါက်..ဒေါက်တာ... "
ဒေါက်တာဝင်လာတာမြင်တော့ ရှောင်းကျန့် မျက်နှာတစ်ခုလုံး ရဲစုတ်နေပြီ...
လည်ပင်းတွေကို ပြတ္သပ္ကာ
ခေါင်းတောင်မဖော်ရဲ...
မိများမိသွားလားပေါ့ ဆိုသည့်အတွေးနဲ့လေ...
YOU ARE READING
My Heart 💘 (Uni & Zaw) (Completed)
WerewolfMy Heart 💘(Uni&Zaw) အရဲစွန့်ပြီး ဖွင့်ပြောမယ်လို့ ရည်ရွယ်ခဲ့တာ ငါချစ်တဲ့မင်းကို ငါပဲပိုင်ဆိုင်ချင်တာ ငါပဲပွေ့ဖတ်ချင်တာ.....ငါပဲထိတွေ့ချင်တာ... ငါနဲ့ပဲရှေ့ဆက်သွားစေချင်တာ... #WangYiBo ဘာလို့လဲ လောင်ဝမ် မင်းဖွင့်ပြောလိုက်ရင် သိက္ခာကျမှာစိုးလို့ ငါဝန...