(Uni)
"လောင်ဝမ် မင်းမျက်လုံးသက်သာရဲ့လား နာနေသေးလား "
တကယ်စိုးရိမ်လို့ ပျာယာခတ်နေတာလား
ဒီယုန်ပေါကတော့ လူကိုအသည်းယားအောင်လုပ်ပြန်ပြီ"ရတယ် ကောင်းသွားပြီ..."
"အင်း အာ့ဆိုသွားမယ်''
တက်လို့တောင် ပြောစရာမလို
သူကနောက်မှာ ဝင်ထိုင်ပြီးပြီ
တကယ်ပဲ သူ့အပိုင်ကျနေတာပဲ...အဟက်
လောင်ဝမ်သဘောကျစွာပြုံးလိုက်တယ်..."လောင်ဝမ် မောင်းတော့လေ"
တက်ကြွနေလိုက်တာကွာ ဘယ်လိုဟာလေးမှန်းမသိဘူး
"မင်းငါ့နောက်ကလိုက်ရတာကြိုက်လား"
အမ်...ဒါ ဘယ်လိုမေးခွန်းကြီးလည်း
ကျောင်းကို လမ်းသင့်လို့ဝင်ခေါ်တာဆိုပြီး
ကြိုက်လားလာမေးနေတယ် ဒီကောင်ဘာလားကွာ"ဘာလို့မေးတာလည်း"
"မကြိုက်ရင်နောက်နေ့မကြိုတော့ဘူး"
ကြိုက်တယ်ပြောတော့
ငါအပျော်လွန်ပြီးသေသွားမှာစိုးလို့လား...ဟမ်
တကယ်ပဲ ရှည်ကိုရှည်တယ်..."အင်း ကြိုက်တယ် နေ့တိုင်းမင်းနောက်ကလိုက်မယ်"
သေလို့ရပြီ....အဟက်
လောင်ဝမ် လိုချင်တဲ့အဖြေရသွားတော့
ပြုံးဖြီးသွားတဲ့မျက်နှာ မင်းကိုမြင်စေချင်
ယုန်ပေါ လောင်ဝမ့် အကျႌစလေးကိုဆွဲကိုင်လိုက်တယ်"အဲလိုမကိုင်နဲ့ မင်းမူးနေတုန်းကလိုကိုင်"
"ဟမ်....ငါမမှတ်မိဘူး"
အကျႌစကိုကိုင်ထားတဲ့ ယုန်ပေါလက်နှစ်ဖက်ကိုဆွဲယူပြီး
သူ့ခါးကို တင်းနေအောင်ဖတ်ခိုင်းလိုက်တယ်..."လောင်ဝမ် ဘာလုပ်တာလည်း ငါမူးတုန်းကဒီလိုဖတ်ထားတာလား"
"ဖတ်ထားရုံမဟုတ်ဘူး မှီပါမှီိနေသေးတာ...."
"အာ.....အက်တာငါမူးနေလို့လေ ခုမမူးဘူးလေ"
"ဒါပေမယ့် ငါကအမောင်းကြမ်းတယ်လေ အကျႌစကိုင်ရုံနဲ့မရဘူး"
"တော်ပီကွာ....မလိုက်တော့ဘူး ကျန်းချန်ပဲစောင့်လိုက်တော့မယ်"
![](https://img.wattpad.com/cover/224808936-288-k409259.jpg)
VOUS LISEZ
My Heart 💘 (Uni & Zaw) (Completed)
Loup-garouMy Heart 💘(Uni&Zaw) အရဲစွန့်ပြီး ဖွင့်ပြောမယ်လို့ ရည်ရွယ်ခဲ့တာ ငါချစ်တဲ့မင်းကို ငါပဲပိုင်ဆိုင်ချင်တာ ငါပဲပွေ့ဖတ်ချင်တာ.....ငါပဲထိတွေ့ချင်တာ... ငါနဲ့ပဲရှေ့ဆက်သွားစေချင်တာ... #WangYiBo ဘာလို့လဲ လောင်ဝမ် မင်းဖွင့်ပြောလိုက်ရင် သိက္ခာကျမှာစိုးလို့ ငါဝန...