My Heart 💘Ep>17(Uni&Zaw)

5.8K 412 12
                                    

(Uni)

"ဒီမွာ ကုန်ပြီနော် အကုန်သောက်လိုက်ပြီ"

"အင်း မနက်ဖြန်ကျရင် ဆေးရုံကဆင်းရတော့မှာ အတန်းပြန်တက်တဲ့ခါကျရင် ကျောင်းသွားကျောင်းပြန် ငါနဲ့ပဲလိုက်ရမယ် သိတယ်နော်"

အကြိုအပို့လုပ်ပေးမယ် မပြောဘဲ
နေ့တိုင်းလုပ်ရမည့် အလုပ္တစ္ခုလို
အမိန့်ပေးလိုက်ခြင်း...
ဘာပဲဖြစ်ဖြစ် ချစ်သူ့အမိန့်နာခံဖို့အဆင်သင့်...
_
_
"ကျန်းချန် မုန့်သွားဝယ်မယ်လေကွာ ဟိုကြည့်ဒီကြည့်နဲ့ ဘာလည်း မင်းရဲ့ဒေါက်တာကိုကို ကိုလိုက်ရှာနေတာလား"

"ငါကဘာကိစ္စသူ့ရှာရမှာလည်း မင်းဟာမင်း Hotpot လူကြီးကိုတွေးနေလိုက်စမ်းပါ

အမှန်တွေမေးမိတဲ့ ရွှယ်ယန်တစ်ယောက် ဖိဟောက်ခြင်းတွေ လှိမ့်ခံရတော့သည်...

"ရှောင်းကျန့် ကို လာကြည့်ကြတာလား "

အသံကြားရာလှည့်ကြည့်လိုက်တော့ ဟိုလူကြီးဒေါက်တာ
အဖြူရောင်ဂျူတီကုတ်လေးနဲ့နှစ်လက်မလောက်သာရှည်တဲ့ဆံပင်တွေကို ကျော့ကော့နေအောင်ထောင်ထားတော့ပိုမိုမြင်သာထင်ရှားတဲ့မျက်နှာက ရှင်းလို့သန့်လို့ခန့်လို့...

"ဟုတ်ကဲ့ ဒေါက်တာ ရှောင်းကျန့်ကို သတင်းလာမေးရင်းအနှောင့်အယှက်ဖြစ်မှာစိုးလို့ ခဏထြက္လာခဲ့တာ ဟဲ...ကျန်းချန် ကျနး်ချန်..ဟေ့ကောင်...ဘာဖြစ်နေတာလည်း"

"အော်...အေး...အင်း..ဘာပြောလိုက်တာလည်း"

"အဟက်.."

သတိလက်လွတ်ငေးနေမိတဲ့ ကျန်းချန်ကို ရွှယ်ယန် ပခုံးချင်းတိုက်ပြီး သတိပေးလိုက်မှ ယောင်ယောင်မှားမှား
ဒေါက်တာကတော့ သဘောတကျရယ်နေရှာသည်...

"ခင်ဗျားကဘာရယ်တာလည်း..."

"ဘာမွ မဟုတ်ပါဘူး ဒီတိုင်းသဘောကျစရာစဉ်းစားမိလို့"

"ဒေါက်တာကိုပဲမပြောနဲ့လေ မင်းကိုကငါပြောတာမကြားရအောင် ဘာစဉ်းစားနေတာလည်း"

"ငါ...ငါ...ဘာဝယ်ရင်ကောင်းမလည်း စဉ်းစားနေတာပါ အဲဒါဘာဖြစ်လို့လည်း မင်းကလည်း သွားမယ် လာမြန်မြန်သွားမယ်လေ..."

My Heart 💘 (Uni & Zaw) (Completed)Hikayelerin yaşadığı yer. Şimdi keşfedin