My Heart 💘Ep>21(Uni&Zaw)

4.8K 366 5
                                    

(Uni)

"ဒါနဲ့ညီက ကျောင်းတက်နေတာမလား..."

"ဟုတ် အကို ကျောင်းကပြီးတော့မယ်လေ....မနက်ဖြန်ကျောင်းတက်ရအုံးမှာမို့ ညနေပိုင်းကိုဒီမှာအလုပ်လုပ်မယ်လေ"

ညရောက်တော့ ဆိုင်သိမ်းအလုပ်တွေလက်စသတ်နေရင်း
ချစ်သောရှင်းချန်နဲ့စကားပြောဖြစ်ကြသည်လေ။

"ညီ့ရဲ့ ပါးနဲ့မားရော..."

"မရှိတော့ပါဘူး အဒေါ့်အိမ်မှာကပ်နေရတာ...ဟူး မလွယ်ပါဘူး အဒေါ်ကမကြည်ဖြူဘူးလေ...".

သနားမ်ားသနားမလား အသနားခံမိသည်လေ။

"အင်း ဒါဆိုအကို့အိမ်မှာလာနေလိုက်...''

ကြားရတဲ့စကားကြောင့် အိပ်မက်လားဆိုပြီးကိုယ့်ပါးကိုရိုက်ကြည့်ချင်တာ
ရူးတယ်ထင်မှာစိုးလို့
တကယ်လည်းဝမ်းသာလွန်းလို့ရူးတော့မှာ...

"အကို... အကို တကယ်ပြောတာလား...."

"အင်း..တကယ် အကို့အိမ်ကမသားနားပေမယ့် မင်းတစ်ယောက်နေဖို့လောက်ကတော့အဆင်ပြေပါတယ်..."

"အာ....ပြေပါတယ် အကိုခေါ်ထားတာနဲ့တင် ကျွန်တော် ကျွန်တော်က အရမ်းဝမ်းသာနေပါပြီ.."

ဟိ...အိမ်မှာလိုက်နေရမယ်ဆိုတော့
နေ့တိုင်းတွေ့လို့ရပြီပေါ့...

"ဒါပေမယ့်လေ အကို ကျွန်တော်အလကားတော့ကပ်မနေပါဘူး
ကျွန်တော့လုပ်အားခလေးတော့ အကို့ဆီအပ်မယ်လေနော်..."

ရှင်းချန်ပြန်မပြောပဲ ပြုံး၍သာနေလိုက်တော့သည်
သူဌေးသားမှန်းသိရင်ရော ဒီလိုမျိုးတွေလက်ခံပါ့မလား
သူ့ကိုလိမ်နေမှန်း သိသွားခဲ့ရင် အခြေအနေပိုဆိုးသွားနိုင်တာ
ရွှယ်ယန်ကြိုသိခဲ့ရင် ဒီလိုလိမ်ရဲပါ့မလား။
_
_
မနက်နေရောင်ခြည်ကို ခန်းစီးစတွေနဲ့ပိတ်ကာထားတော့
ယုန်ပေါတစ်ယောက် အိပ်ပျော်နေဆဲ
အခန်းတံခါးလေးဖွင့်ကာ ဝင်လာခဲ့ပြီး
ကုတင်ပေါ်ဘေးတစောင်းထိုင်လိုက်တယ်

"ယုန်ပေါ 6:00ထိုးပြီထတော့.."

ပေတေပြီးအိပ်နေသေးသည် ကျောင်းသွာရမှာမေ့သွားတာလား...
အိပ်နေတဲ့မျက်နှာလေးကချစ်စ
ရာကောင်းလွန်းတယ်....
ခဏအကြာစိုက်ကြည့်နေမိတယ်....
အပူပင်ကင်းကင်း အိပ်ပျော်နေတဲ့
ကလေးပုစိလေးလိုပဲ တကယ်အသည်းယားစရာလေး
ကြည်လင်နေတဲ့အသားအရေ မျက်ခွန်မို့မို်လေးတွေ
နှာခေါင်းချွန်ချွန်လေး ရဲသွေးနေတဲ့နှုတ်ခမ်းပါးလေး
သိမ်းထားချင်တယ် ဒီအိမ်ထဲမှာပဲ
အဲမျက်နှာလေး အချိန်တိုင်းတွေ့နေချင်တယ်
ဘယ်လိုလုပ်ရမလဲ
မင်းကိုငါအိမ်ပြန်မပို့ပေးချင်တော့ဘူးဆိုရင်
ငါနဲ့အတူနေပေးပါ့မလား....

My Heart 💘 (Uni & Zaw) (Completed)Onde histórias criam vida. Descubra agora