My Heart Ep>39💘(Uni&Zaw)

4.5K 335 23
                                    

(Uni)

"အကို...Morning ''

စားပွဲဝိုင်းခုံမှာထိုင်ပြီး ငြိမ်သက်စွာ
ဖုန်းကိုအာရုံစိုက်ကြည့်နေတဲ့ ရှင်းချန်
အခန်းမှထွက်လာပြီး
သူ့အားလှမ်းနှုတ်ဆက်တဲ့
ရွှယ်ယန်အသံကိုတောင် သတိမပြုမိပေ....

ရွှယ်ယန်လည်း ရှင်းချန်နားကိုဖြည်းဖြည်းချင်း
တိုးကပ်သွားပြီး ဖုန်းကိုလှမ်းချောင်းကြည့်လိုက်တယ်
ဆို့နှင့်သွားတဲ့ရင်ဘက်တစ်ခြမ်းက
ဆောင့်ကန်ခံလိုက်ရသလိုပဲ

ဝမ်ချောင် သတင်းကြည့်ပြီး
စိတ်မကောင်းဖြစ်နေသေးတာလား....
ရှင်းချန်ဘေးကခုံမှာဝင်ထိုင်လိုက်တယ်

"အကို သတင်းသွားမေးချင်လား ကျွန်တော်လိုက်ပို့ပေးမယ်လေ....''

ပြောသာပြောရတာ ခေါင်းများညိမ့်လိုက်ရင်
ရင်ကွဲရချည်ရဲ့.....

"နေပါစေ....ထပ်ပြီးမျက်နှာချင်းမဆိုင်ချင်တော့ပါဘူး....
သူအပြစ်လုပ်ခဲ့လို့ ပြန်ခံရတာပဲ သူနဲ့ထိုက်တန်ပါတယ်...''

"အကို....''

"အင်း...''

"အကိုသူ့ကိုချစ်နေတုန်းပဲလား...သတိရောရနေတုန်းပဲလား.....''

ချစ်နေသေးလားဆိုတာတော့
မဖြေတတ်ဘူး
သတိရနေတုန်းလားဆိုရင်
မေ့မေ့ပျောက်ပျောက်မရှိခဲ့တာတော့အမှန်ပဲ
ဒါပေမယ့်..... ညီကိုယ့်အနားရောက်လာခဲ့ပြီး
နောက်ပိုင်း.......

"အကို....ပြန်ဖြေစရာအဖြေမရှိဘူးလား...ကျွန်တော်မျော်လင့်လို့ရတယ်မလားဟင်....နည်းနည်းလေးလောက်ပဲမျော်လင့်လို့ရနိုင်မယ်ဆိုရင် ကျွန်တော်မျော်လင့်ပါရစေ...''

စကားပြောနေကြရင်း
အိမ်ရှေ့ဘဲလ်တီးသံကြောင့်
ရှင်းချန် ထပြီးတံခါးသွားဖွင့်လိုက်တယ်

"အကိုလေး...ရွှယ်ယန်နဲ့တွေ့ချင်လို့ပါ...''

"ဘာ....အကိုလေး....''

"ဟုတ်ကဲ့....''

ရှင်းချန် နားမလည်သလို ရွှယ်ယန်ကိုလှမ်းကြည့်တယ်

"အကို ဘာဖြစ်လို့လည်း...ဟင်...မင်း..မင်းတို့ဘာလာလုပ်တာလည်း...''

My Heart 💘 (Uni & Zaw) (Completed)Tempat cerita menjadi hidup. Temukan sekarang