My Heart 💘Ep>10(Uni&Zaw)

5.8K 424 25
                                    

(Uni)

"လောင်ဝမ် ငါတကယ်မင်းကိုသတ်မှာနော်"

"ယုန်ပေါ သတ်ရင် သေရဲပါတယ်..."

အနားကပ်သွားပြီး လည်တိုင်နားလေးကိုလေနဲ့ဖြည်းဖြည်းမှုတ်ထုတ်လိုက်ပြီး ပြောတော့  ခေါင်းလေးစောင်းရှောင်လိုက်ပြီး စိတ္တိုသလိုလို ဘုကြည့်ကြည့်လာတဲ့ ယုန်ပေါက တကယ်ကိုချစ်စရာကောင်းတယ်။
အသည်းယားယားနဲ့ စိတ်ရှိလက်ရှိဆွဲမွလိုက်ရရင်
ပါးနှစ်ဖက်လုံးယောင်ကိုင်းနေတော့မှာပဲ။

"အတန်းချိန်က အဝေးကြီးလိုသေးတယ် အစောကြီးထွက်လာတာ ရည်းစားရှာဖို့လား ဟုတ်လားယုန်ပေါ
လာ...မနက်စာသွားစားမယ်...."

"ငါစားပြီးပြီ မလို္က္ဘူး....."

သူများကောင်မလေးကိုလည်းလုသေးတယ် ခုလည်းဆရာကြီးဆိုဒ်နဲ့အမိန့်ပေးနေတယ်..
မလိုက္ဘူးကြာ.... လုံးဝမလိုက္ဘူး
သေတောင် မလိုက္ဘူး ...

ဆိုင်ထဲသို့ရောက်သော်

"ယုန်ပေါ မင်းဘာစားမလဲ"

"ငါစားပြီးပြီလို့ပြောနေတယ်လေ"

"အင်း ပြီးတာပဲ "

ဆိုင်ထဲဝှေ့ရမ်းကြည့် မိန်းကလေးတော်တော်များများရှိပေမယ့်
ဘယ်သူ့ကိုမှသတိမထားမိ အရင်ကဆို ဘယ်ကောင်မလေးပိုချောလည်းလိုက်ကြည့်ဖူးပေမယ့် ခုစိတ်မဝင်စား....
သတိမထားမိပဲ ကြည့်နေမိတယ် အက်နှုတ်ခမ်း ခေါက်ဆွဲမျိုနေတဲ့နှုတ်ခမ်း ဘယ်လိုပဲအချေလို့ပြောပြော စကားပြောရင် ကလေးနဲ့တူတဲ့နှုတ်ခမ်း အသည်းပုံနှုတ်ခမ်းလေး..
ကြည့်ရင်းအတွေးရောက်သွားတာက အက်နှုတ်ခမ်းက နှစ်ခါတောင်ရင်းရင်းနှီးနှီးကြီး လာနမ်းဖူးတာ မူးတုန်းကတော့မမှတ်မိလိုက်ဘူး......
ဂလု.....

"ဘာလဲ ယုန်ပေါ မင်းရောခေါက်ဆွဲစားချင်လို့လား"

"ဟမ်...အော်...အင်း..."

တံတွေးမျိုချမိလိုက်တာ မိသွားတော့ ခေါက်ဆွဲကိုငတ်ကြီးကျတယ်ထင်သွားတာပေါ့။
တကယ္က သူ့နှုတ်ခမ်းကိုငတ်ကြီးကျနေတာ
မသိရှာလေ.....
ယုန်ပေါ ကိုယ့်အတွေးနဲ့ကိုယ် ဂလု မိတော့
ရှက်ရှက်နဲ့ ခေါက်ဆွဲကိုပဲ ဂလု ရတော့မှာပေါ့...
လောင်ဝမ်က စားပွဲထိုးကိုလက်ယက်ခေါ်ပြီး
ခေါက်ဆွဲကြော်တစ်ပွဲမှာလိုက်တယ်...
မနက်ကလည်း မားလုပ်ကျွေးတဲ့
ဖားဟူ အမဲသားခေါက်ဆွဲအပြီအပြင်ကြိတ်လာတာ
ဗိုက်ကိုကားလို့......
ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ သူငတ်ကြီးကျတာလောင်ဝမ်မမိဖို့အရေး ခေါက်ဆွဲကြော်ပဲ အတင်း ဂလု ရေတာ့မှာပဲ.

My Heart 💘 (Uni & Zaw) (Completed)Where stories live. Discover now