My Heart 💘Ep>41(Uni&Zaw)

4.5K 335 26
                                    

(Uni)

"ယုန်ပေါ....ငါ...ငါ ဝမ်ရိပေါ်လေ...မင်းရဲ့လောင်ဝမ်လေ...''

ဘာလို့ မသိခဲ့ဖူးသလို မမြင်ဖူးခဲ့သလိုကြည့်နေတာလည်း
ဒီလိုပုံစံမျိုးနဲ့တော့ မနောက်ပါနဲ့...
မင်းငါ့ကို နောက်နေတာမလားဟမ်....

"ကျွန်တော့ရဲ့လောင်ဝမ်....(လောင်ဝမ်>ဆရာဝမ်)
ဟို...တောင်းပန်ပါတယ် ကျွန်တော် မမှတ်မိလို့ပါဒါနဲ့လေ
ကျွန်တော် ဒီကိုဘယ်လိုရောက်နေတာလည်း ..ပါးနဲ့မားရောဟင်....ဟို....ကျွန်တော့..လက် ဟီး...''

ရှောင်းကျန့်သူတကယ် မမှတ်မိတဲ့လူတစ်ယောက်က
သူ့လက်ကို လွတ်ထွက်သွားမှာကြောက်နေသလို
တင်းကျပ်စွာဆုပ်ကိုင်ထားပြီး
သူ့ကိုကြည့်နေတဲ့အကြည့်တွေထဲမှာ
ဝေခွဲမရ အဖြေလိုက်ရှာနေသလို
ဝမ်းနည်းမှုတွေနှမြောတသခြင်းတွေနဲ့
အရည်ကြည်တစ်လွှာဖုံးလွှမ်းနေတဲ့မျက်ဝန်းတွေက
ငိုချတော့မည့်အလား.....
ညိုးငယ်နေတဲ့ မျက်နှာလေးကိုရင်းနှီးသလိုခံစားရပေမယ့်
ဘယ်လိုသိခဲ့ကြတာလည်း စဉ်းစားလို့မရ...
ဆုပ်ကိုင်ခံထားရတဲ့လက်ကလေးတွေထုံကျဉ်လာတော့
မသိမသာလေဖြေရုန်းကြည့်မိပေမယ့်
အကြောင်းမထူးတော့ ''ကျွန်တော့ လက်'' ဆိုပြီး
အသိပေးမှ ဖြေလျှော့ပေးသည်။
ဘာလို့မှန်းမသိ ထိုလူ့အကြည့်တွေကို
ရင်ခုန်သလိုလို သနားမိသလိုလို
သူ့အဖြစ်သူတွေးပြီး
လက်တွေကရှက်ရှက်နဲ့လည်ပင်းကိုသာပွတ်သပ်နေမိတယ်။

အာ.....စဉ်းစားလို့မရဘူး ခေါင်းကိုက်လိုက်တာ...

ဆုပ်ကိုင်ထားတဲ့လက်ထဲက
လက်ကလေးရုန်းထွက်သွားတော့
ရင်ဘက်တစ်ခုလုံးလစ်ဟာသွားတယ်
သတိရလာရင် ပြောပြချင်တဲ့ရင်ထဲကစကားတွေကို
ဘယ်ကအစရှာပြောရမှန်းမသိ
မမှတ်မိတော့ဘူးတဲ့လား....
တကယ်ပဲ အတိတ်မေ့တယ်ဆိုတာမျိုးလား....

"သား...သားလေး...သတိရလာပြီ...''

အခန်းဝနားရောက်နေပြီဖြစ်တဲ့ မားက
ရှောင်းကျန့်ကို လာပွေ့ဖက်တယ်။
ပါးးနဲ့အတူကျန်းချန်တို့ရွှယ်ယန်တို့က
ကြည့်ရင်းပီတိပြုံးတွေနဲ့...

"ရှောင်းကျန့်....မင်းသတိရလာတာကောင်းတယ် မဟုတ်ရင် ဝမ်ရိပေါ် ရူးတော့မှာ...''

My Heart 💘 (Uni & Zaw) (Completed)Donde viven las historias. Descúbrelo ahora