My Heart 💘Ep>27(Uni&Zaw)

4.4K 340 23
                                    

(Uni)

"ယုန်ပေါ....ထေတာ့ 6:00 ထိုးပြီ"

အင်းအဲနဲ့မျက်လုံးတွေကိုပွတ်သပ်ပြီးထလာတဲ့ယုန်ပေါ ချစ်စရာအကောင်းဆုံးလူသား...

"လောင်ဝမ် မင်းအိပ်လို့ရောပျော်ရဲ့လား မျက်ကွင်းလေးတွေညိုနေသလိုပဲ"

ယုန်ပေါကသူ့ပါးနှစ်ဖက်ကိုအသာအယာအုပ်ကိုင်ပြီး
လက်မလေးနဲ့ အနည်းငယ်ညိုနေတဲ့မျက်ကွင်းလေးကို
အသာပွတ်သပ်ရင်းမေးနေသည်။

"အင်း...ဘာမွမျဖစ္ဘူး....ရေသွားချိုးတော့ ပြီးရင်မနက်စာစားရအောင်...."

"အင်း..."

အိပ်ရာကထလိုက်ပြီး ရေချိုးခန်းထဲဝင်ဖို့ပြင်တော့
လောင်ဝမ်က အလိုမကျလိုက်ကြည့်နေသည်
အေဟး မေ့ချင်ယောင်ဆောင်လို့ကိုမရ
မျက်နှာတော်ကညိုးနေရှာပြီ

"မွစ့်...."

အလိုက္တသိ Morning kiss နဖူးလေးကိုမနက်တိုင်းအနမ်းပေးရတာ
တာဝန်တစ်ခုလို့တော့မပြောချင်
လောင်ဝမ် အပြုံးလေးမြင်ရတာ
အကြည်နူးဆုံးမို့....

"ကျောင်းပြီးရင်လည်း ငါနဲ့အတူနေပါ"

"အင်း.....နေမယ်..."

မငြင်းချင်ပါဘူး နှလုံးသားစေခိုင်းရာအတိုင်းပေါ့...
_
မနက္စာကေတာ့
ပေါင်မုန့်ကင်နဲ့ပဲနို့
လောင်ဝမ်ကပြောတယ်
အချက်အပြုတ်တွေလေ့လာပြီးရင်အရသာရှိတာလေးတွေချက်ကျွေးမယ်တဲ့ ဟီး....
_
လောင်ဝမ်က အရမ်းကိုဉာဏ်ထက်မြတ်လွန်းတယ်
စာတွေဆိုလည်း ခဏလေးနဲ့မှတ်မိတယ်
သူသာစီးပွားလုပ်ရင် တကယ်တော်တော်ကိုအောင်မြင်မှာ
ငါဆိုတဲ့ရှောင်းကျန့်နဲ့များကွာပါ့ ဟိ...
_
"ငါတို့ ဒီကျောင်းကြီးကိုလွမ်းရတော့မှာပေါ့နော်.."

"ဟုတ်ပါ့ ကျန်းချန် ရာ ဒီနေ့နောက်ဆုံးနေ့ဆိုတော့ ငါတို့ဂုဏ်ပြုပွဲလေးလုပ်သင့်တယ်မထင်ဘူးလား..."

"အင်း...ဟုတ်တယ်...ငါတို့ ကလပ်သွားရအောင် ဘားမှထိုင်ပြီးအမူးသောက်မယ်ကွာဒီနေ့....''

"အင်း...ငါလည်းမူးချင်ပေမယ့် အကိုရှင်းချန်စိတ်ဆိုးမှာကြောက်တယ်..."

"သူ နားလည်လောက်ပါတယ်....နားမလည်တာကဝမ်ရိ်ပေါ် ရှောင်းကျန့်ကိုနည်းနည်းလေးမှ လွတ်မပေးဘူး တချိန်လုံးအနားကပ်နေတာတော့ မမိုက်ပါဘူးကွာ..."

My Heart 💘 (Uni & Zaw) (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ