My Heart 💘Ep>42(Uni&Zaw)

4.5K 350 18
                                    

(Uni)

ဆေးရုံကဆင်းလာပြီးနောက်ပိုင်း
အိိမ်ထဲမှာပဲ တဝဲလည်လည်
သိပ်ပြီး နေကောင်းသေးတာမဟုတ်တော့
အပြင်လည်း မထွက်ဖြစ်
ကျန်းချန်နဲ့ရွှယ်ယန်လည်း အိမ်ခဏခဏရောက်သည်
ရောက်တိုင်းလည်း ဝမ်ရိပေါ်အကြောင်းမေးရတာအမော...
_
_
"အမေးအမြန်းကလည်းထူလိုက်တာ ရှောင်းကျန့်ရာ ဝမ်ရိပေါ် အိမ်လာမှသိချင်တာတွေအကုန်မေးလိုက်တော့ကွာ....''

"အဲဒါ ဟုတ်တယ် ရှောင်းကျန့် ...ကျန်းချန် ပြောတာမှန်တယ် ဝမ်ရိပေါ်က မင်းနဲ့အကြောင်းဆိုရင်ပျော်ပျော်ကြီးကိုပြောပြမှာအသေအချာပဲ...''

"မင်းတို့ကလည်း အားကိုးလို့ကိုမရဘူး သူ့မမေးပဲသူ့အကြောင်းနည်းနည်းများစဉ်းစားလို့ရမလားဆိုပြီး အကူအညီလေးတောင်းမိတာကို...''

ရှောင်းကျန့် ပြောရင်းအသံလေးတိမ်ဝင်သွားပြီး
စူပုတ်ပုတ်မျက်နှာငယ်လေးနဲ့ငြိမ်ကျသွားသည်။
တကယ်လည်း
ဝမ်ရိပေါ် အိမ်ကိုလာရင် ဘာစကားပြောရမှန်းမသိ
ယောင်လည်လည်ဖြစ်နေတာအခါခါ
အနားလာကပ်ရင် ချစ်သူတွေဖြစ်ခဲ့ကြတယ်ဆိုတဲ့အတွေးကဒိုင်းခနဲဝင်လာပြီး
အလိုလိုနေရင်း ရှက်လာသလိုရင်မဆိုင်ရဲ
ရှောင်နေမိတာကိုကဝမ်ရိပေါ်အတွက်
မတရားဘူးမလား....
ဒါကြောင့်လည်းသူ့အကြောင်းနည်းနည်းဖြစ်ဖြစ်များများဖြစ်ဖြစ်သိချင်မိသည်လေ...
မမှတ်မိတော့ဘူးဆိုပြီး မေ့ထားလိုက်ချင်ပေမယ့်
ဝမ်ရိပေါ်မျက်နှာပဲ မြင်မြင်ယောင်မိနေတဲ့ဒုက္ခကလည်းမသေး....

"စိတ်မဆိုးပါနဲ့ ရှောင်းကျန့်ရာ ဝမ်ရိပေါ် အကြောင်းငါတို့သိသလောက်အကုန်ပြောပြပေးတယ်လေ မင်းနဲ့အကြောင်းကြတော့
ငါတို့လည်းအတိအကျမသိ.... ပြီးတော့ဝမ်ရိပေါ်ကျောင်းရောက်လာတည်းက မင်းကငါ့တို့နားသိပ်ကပ်တော့တာမဟုတ်ဘူးလေ....''

"ငါကမင်းတို့ကိုမကပ်တော့ဘူး ဟုတ္လား အပိုတွေမပြောနဲ့ ငါ့မှာအရင်းနှီးဆုံးဆိုလို့ မင်းတို့နှစ်ကောင်ပဲရှိတယ်....''

"ငါတို့ပြောတာလိုတောင်လိုသေးတယ် ဝမ်ရိပေါ်မျက်နှာတစ်ကမ်ဘာလိုဖြစ်နေခဲ့တာမင်းလေ...
ဒါနဲ့မေးပါအုံးမယ် မင်းတကယ်ပဲသူနဲ့ပတ်သတ်တာနည်းနည်းလေးကိုမှမမှတ်မိဘူးလား....''

My Heart 💘 (Uni & Zaw) (Completed)Where stories live. Discover now