တော်ဝင်နန်းတော်ကြီးထဲ အသံကျယ်ကြီးနဲ့ပတ်ပြေးနေပြန်တဲ့ ဝေ့စပ်စလူးဟာ နန်းတော်ရဲ့လှေကားအတက်အဆင်းမှာပါ။
"ဟာ..မလာကြနဲ့နော် ငါ့ကို လာမခေါ်နဲ့ မလိုက်ဘူး..ငါအရှင်နဲ့မတွေ့ချင်ဘူး။ လွှတ် လွှတ်..လွှတ်ကြ ငါ့ကို။
ငါပြန်မလိုက်ဘူး.. အဟင့်..အဟင့်..
အဖေရေ...ကျဲရေ...ဝေ့ဝေ့ကို ကယ်ပါ""သခင်လေးဝေ့..သခင်လေး.ဝေ့.အရှင်က တော်ကောက်မှတော့ မလိုက်လို့မရပါဘူး ဒါကြောင့် ခေါင်းမာမေနပဲ ကျွန်တော်မျိုးနဲ့လိုက်ခဲ့ပေးပါ။"
"ငါအပျိုေတာ်တွေအဆောင်မှာ နေလို့မရဘူးလားဟင်...အဲ့ဒီနေရာကြီးဆီမလိုက်ချင်ဘူး"
"စိုးရွံမိပါတယ်သခင်လေးဝေ့ အရှင်က ပြစ်ဒဏ်ပေးရင်
အရမ်းကြောက်စရာကောင်းပါတယ်။ဒါကြောင့် သခင်လေး ခေါင်းမမာပဲ ကျွန်တော်မျိုးနဲ့လိုက်ခဲ့သင့်ပါတယ်။""ဟင့်အင်း..ငါကြောက်တယ်.. အရှင့်ကိုငါကြောက်တယ်။"
စကားနားမထောင်တဲ့ ဝေ့စပ်စလူးနဲ့ ချော့ခေါ်နေရတဲ့ ကုန်းကုန်းတို့ကြား ဝင်လာတဲ့သူကတော့ အမတ်ကြီး သောင်းကျန့်ဝေပါ။
"ဝေ့ရင်း..အဖေဘယ်နှစ်ခါပြောရမလဲ..ဒါကနန်းေတာ်ရဲ့အဆောင်နော် အိမ်တော်မဟုတ်ဘူး။"
"သွား...လိုက်သွားလိုက်..ကုန်းကုန်းမော့ရ
န်ဝေ့ရင်းကိုခေါ်သွားတော့။""ကောင်းပါပြီ အမတ်ကြီးသောင်း.."
ဝေ့စပ်စလူးကတော့ နှုတ်ခမ်းတတောင်လောက်ထှော်ပြီး ပွစိပွစိနဲ့ ဘာတွေပြောသွားမှန်းမသိပေ...ဒါနဲ့ပဲ ကုန်းကုန်းနဲ့အတူပါသွားလေရဲ့။
သူနေရမဲ့အဆောင်တော်ရောက်တာနဲ့ အပျိုတော်တွေအသင့်စောင့်နေတာကိုမြင်ပြီးတော့....
ဝေ့ရင်းလန့်သွားတော့တယ်။နောက်ပြီး အဆောင်တော်မှာ အစောင့်တွေကအများကြီးချထားသေး။"သူတို့တွေကဘယ်သူတွေလဲ ဘာလုပ်နေကြတာလဲအဲ့အနားမှာ ကုန်းကုန်းမော့ရန် ဖြေအုံး။
"သခင်လေးေဝ့ကို ခစားရမဲ့
အစေခံတွေလေ
အရှင်က အစောင့်တွေလဲ အများကြီးချပေးထါးသေးတယ် သခင်လေးဝေ့က
မနှစ်သက်လို့လား။"
YOU ARE READING
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Historical Fictionနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။