နေနတ်ဘုရားပျောက်ကွယ်သွားတဲ့နောက်
ချီရှားချီ မင်းသားလေးကို သေချာကြည့်လိုက်တော့ မျက်ဝန်းနက်တွေက ကြည်လင်နေတဲ့ကောင်းကင်သဖွယ်...ဒါနဲ့ လန်ဝေကျွင်းလေးကို သူ့ရဲ့ဆေးစိမ်ထားတဲ့ ခွန်လွန်ရေထဲ ပြန်ချကာ ရေသေချာချိုးပေးလိုက်တယ်။
ငိုနေတဲ့ မင်းသားလေးဟာ ခွန်လွန်ရေထဲ ပြန်လည်အိပ်ပျော်သွားပြန်တယ်။"အရှင်မင်းကြီး မင်းသားငယ်အကြောင်းကို
မိဖုရားဝေ့ကို ဖုံးကွယ်ထားမှဖြစ်ပါလိမ့်မယ်။နောက်မှ အကြောင်းစုံ သေချာနားလည်အောင် အရှင်မင်းကြီးဘက်က ရှင်းပြပေးပါ။ခုချိန်က ပေးသိလို့မဖြစ်သေးပါဘူး။""ကောင်းပြီ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်ကြတာပေါ့..နှုတ်လုံကြပါစေ "
"အမိန့်တိုင်းပါ.. အရှင်မင်းကြီး..."
သားငယ်ကို သူ့လက်ကပွေ့ချီပြီးသားနဲ့ပဲလန်ကျန့်ဟာ..
ချစ်စရာနီတာရဲလေးဟာ..စိုက်ကြည့်နေမိသည်။မိဖုရား နန်းဆောင်မှာတော့ ဝေ့ရင်းတစ်ယောက် စိုးရိမ်စိတ်တွေက ငယ်ထိပ်ရောက်နေရှာသည်..လန်ကျန့် အနားယူခိုင်းထားပေမဲ့ အိပ်စက်လို့ကမရနိုင်...
ဘုန်းတော်ကြီးပြောတဲ့ စကားတွေကို သူ့နားထဲ ပြန်ကြားယောင်ပြီး.. အပူလုံးဆို့နေရှာတယ်။
အိပ်မရတဲ့ အတူတူ.. နဂါးနန်းဆောင်ဘက်
အပြေးလေး ထွက်ခဲ့ပြန်တဲ့ ဝေ့ရင်း...လန်ကျန့်ကတော့ သူ့ရဲ့နားနေဆောင်ထဲမှာ နေတာများတယ် သူ့သားတော်အိပ်ပျော်နေတဲ့အတွက် လေကောင်းလေသန့်ရတဲ့ ကြာကန်လည်က နားနေဆောင်က အသင့်တော်ဆုံးပဲလေ..ဒါကြောင့် ထိုနေရာလေးမှာပဲ နေဖြစ်တာပေါ့။
"မော့ကုန်းကုန်း.. မင်းကြီး ရှိလားနဂါး
နန်းဆောင်ထဲမှာ..ငါ့သားတော်ရော...
သူတို့ဘယ်မှာလဲ..""ဝမ်ဖေး..မင်းကြီးနဲ့မင်းသားလေးက နားနေဆောင်ဘက်မှာပါ။"
"သိပြီ..ငါဘာသာပဲ သွားလိုက်မယ်..နေနေ
လိုက်မပို့နဲ့တော့...""ဟုတ်..ဝမ်ဖေး.."
ချီရှားချီကတော့ လန်နန်းတော် တံတိုင်းကနေစ၍..အစီအမံအင်းတံတိုင်းကြီးတခုကို
တည်ဆောက်ပေးနေပြန်တယ်။
ESTÁS LEYENDO
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Ficción históricaနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။