ဒီလိုနဲ့ လန်တိုင်းပြည်ရဲ့ခမ်းနားတဲ့နန်းတော်ကြီးဆီ လန်ဧကရာဇ်နဲ့လန်မိဖုရားကြီးတို့ပြန်ရောက်လာကြတယ်။
ခရီးက ပင်ပန်းလာတဲ့အတွက် လန်မင်းကြီးရဲ့ နန်းဆောင်မှာပဲ မိဖုရားဝေ့ကို
ခေါ်ယူထားပြန်တဲ့ လန်မင်းကြီး။"မော့ကုန်းကုန်း.."
"ကျွန်တော်မျိုးရှိကြောင်းပါ မင်းကြီး.."
"ဧကရာဇ် ပြုံးဝင့် ယူဆောင်လာခဲ့..."
"အမိန့်တိုင်းပါ.."
ခဏအကြာ..
"မင်းကြီး ဧကရာဇ် ပြုံးဝင့် အသင့်ပါ။""ကောင်းပြီ.."
"နန်းဆောင်ထဲက ထွက်ကြ..အားလုံး။"မင်းကြီးရဲ့အမိန့်ဖြစ်သောကြောင့် အားလုံးထွက်သွားပေးကြတဲ့ အစေခံလေးများ။
အခုတော့ နဂါးနန်းဆောင်ထဲ မင်းကြီးနဲ့မိဖုရားတို့ သာ ကျန်ရှိနေတော့တယ်။
"လန်ကျန့်. လန်ကျန့်.."
"ဘာပြောမလို့လဲ.. ဝေ့ရင်း.."
"ငါရေချိုးချင်တယ်. ပြီးမှသောက်မယ်"
"ဒါဆိုရင် ကိုယ်ေတာ်ချိုးပေးမယ်.."
"တကယ်လား..ချီ လမ်းမရှောက်ချင်ဘူး။"
ပြောရင်းနဲ့ပဲ ဝေ့ရင်းကိုယ်လေးကို ကောက်ပွေ့လိုက်တဲ့ လန်ကျန့်..
နောက်ရေချိုးဆောင်ဘက်ထွက်လာပြီး ဝေ့ရင်းရဲ့အဝတ်တွေကို ခွာချလိုက်တဲ့နောက်..ဖြူဖြူစင်စင်အလှတရားတို့ကအရှင်းသား။
ရေချိုးကန်ထဲအသာချပေးပြီး သူကိုယ်တိုင်
ရေချိုးပေးနေပြန်တယ်။
နူးညံ့အိစက်နေတဲ့ အသားအရေလေးပေါ်
ပြေးလွှာပွတ်သပ်ပေးနေတဲ့ ရှင်ဘုရင်ရဲ့လက်တွေက ဒီကိုယ်ပိုင်ရှင်လေးဆီမှ မခွာချင်သလို..."ဝေ့ရင်း..ငြိမ်ငြိမ်နေ..မစနဲ့.."
လန်ကျန့်မျက်နှာကို ရေစက်လေးတွေနဲ့လှမ်းတောက်ပြီး စနောက်နေပြန်တဲ့ဝေ့ရင်းကြောင့် လှမ်းပြီးသတိပေးနေတဲ့ လန်ကျန့်။
"လန်ကျန့် ရေလာချိုး ငါနဲ့အတူရေချိုးပါလား။ငါ့ကိုလိုက်ကြည့်နေပြီး မင်းကိုငါကမကြည့်ရဘူးဆိုတော့ မတရားဘူး။"
YOU ARE READING
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Historical Fictionနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။