Ep(8)😘

14.9K 987 63
                                    

ညီလာခံသဘင်ဆင်းတာနဲ့ သူ့မိဖုရားကို ပွေ့ကာ ခေါ်သွားတဲ့မင်းကြီးကြောင့် အမတ်တွေမှာခေါင်းပင်မော်မကြည့်ရဲကြဘူး။
..
ယွီတိုင်းပြည်ကို လိုက်ပါရမဲ့ အမတ်သုံးယောက်ကတော့ စာပေ​​ရေးရာအမတ်ကြီး၊ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ နောက် သံတမာန်ရေးရာအမတ်ကြီးနဲ့ အတွင်းဝန်အမတ်ကြီးတို့ပဲဖြစ်ပါတယ်။

အမတ်တွေကတော့ ခရီးအတွက် အိမ်တော်ပြန်ပြီး စီစဥ်စရာရှိတာတွေစပြီးစီစဥ်ကြပြန်တယ်။

"မင်းကြီး..အရှင်..လန်ကျန့်.."
ဝေ့ရင်းရဲ့အခေါ်ကြောင့်.. "ဝေ့ရင်း မဆိုးနဲ့
ညိမ်ညိမ်နေ.."

"လန်ဝမ်ကျီး... ခရီးကမလိုက်လို့မရဘူးလား..ဝေ့ရင်းမသွားချင်ဘူး။"

လန်ဧကရာဇ်ရဲ့နာမည်အစုံကိုသိနေရခြင်းက မော့ရန်ကုန်းကုန်း ဆီကအတင်းမေးခဲ့ခြင်းကြောင့်ပါ။

"မလိုက်လို့မရဘူး..ခုနှစ်ပြည်ထောင်မင်းတွေနဲ့ ဟောဒီက ကိုယ်တော်ရဲ့မိဖုရားလေးနဲ့ မိတ်ဆက်အသိပေးရမှာမို့ ခေါ်သွားရတာ မဟုတ်ရင် နန်းတော်ထဲမှာပဲဖွက်ထားခဲ့ချင်တာ။"

"ဟွန့်..ပိုပြီ..လန်ကျန့်..ကြာကန်တစ်ခုလောက်ဆောက်ပေးပါလား ဝေ့ရင်းကြာပန်းတွေမမြင်ရတာကြာပြီ နော် နော်လို့။"

"ယွီနိုင်ငံကပြန်လာရင် အသင်ဖြစ်စေရမယ်
ဟုတ်ပြီလား။"

"တကယ်နော်.."

"ကတိပေးတယ် ကွာ.."

"အင်း..မွ.."

အမွှေစိန် စိတ်ကူးပေါက်တာနဲ့
"လန်ကျန့်..."
"ဝေ့ရင်း​ေလအရက်သောက်ချင်တယ်.."

"မရဘူး..နန်းတော်ထဲမှာ အရက်မသောက်ရဘူး..ဝေ့ရင်း"

"ဒါဆိုရင် ဟိုရက်က လန်ကျန့်ကဘာလို့အရက်သောက်ရတာလည်း"...

"မတူဘူးလေ..ကိုယ်တော်ကသောက်လို့ရတယ်..မိဖုရားတွေက သောက်ခွင့်မရှိဘူး။"

"ကောင်းပြီလေ.."

'လန်ကျန့်တားတာမကြိုက်လို့ပဲ ငါရအောင်အရက်သောက်ပြစ်မယ် ကြည့်ထား။'
(ဝေ့ရင်း ရှင်မွှေအုံးမှာ သိတယ်....🤔🙄)

"မော့ကုန်းကုန်း မိဖုရားကို နန်းဆောင်ဆီပြန်ပို့ပေးလိုက်ပါ..."

တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed) Donde viven las historias. Descúbrelo ahora