နန်းတော်ထဲပြန်ရောက်တာနဲ့ လန်ဧကရာဇ်ကတော့ မန်ချူလွင်ပြင်ကို စစ်ချီဖို့အတွက်
ရန် စစ်သူကြီး ..စစ်သေနာပတိချုပ်တို့နဲ့ စစ်ပွဲဗျူဟာများအကြောင်း ဆွေးနွေးနေပြန်တယ်။ဒီစစ်ပွဲကို သူအောင်မြင်အောင်တိုက်မယ်
လန်နိုင်ငံတော် တည်ငြိမ်အေးချမ်းဖို့ဆိုရင်
သူ့ရဲ့ အာဏာတွေအကုန်သုံးရင်သုံးရပါစေ
သူ့ရဲ့တိုင်းသူပြည်သားတွေ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့က အဓိကပဲ..
နောက် နန်းတော်ကြီးထဲက သူ့ရဲ့အသက်ဘူးလေးလဲရှိသေးတယ်လေ..စပ်စလူးမိဖုရားလေးဝေ့ရင်းပေါ့..စစ်ဗျူဟာတွေဆွေးနွေးလို့ပြီးတာနဲ့..သူ့ရဲ့မိဖုရားနန်းဆောင်ဆီ လှည့်ဝင်လာခဲ့တဲ့လန်မင်းကြီး..
"ဝမ်ဖေး...မင်းကြီးကြွချီလာပါတယ်..""ဟုတ်လား.."
သရေစာတွေအကြိုက်စားနေရာမှ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားတဲ့ဝေ့ရင်း..ပါးစပ်ထဲမှာလည်း မုန့်တွေကအပြည့်နဲ့စကားပြောဖို့ရာမအား..
တံခါးဖွင့်ပြီးဝင်လာတဲ့ မင်းကြီးကြောင့်..
"ဟင်..ဝေ့ရင်း ဒါကဘယ်လိုဖြစ်ရတာ..""အဟွတ်..အဟွတ်.."
ရေအမြန်ငှဲ့ပေးပြီး ရေတိုက်ရပြန်တဲ့ မင်းကြီး..
"ဖြည်းဖြည်း.. မဆန့်မပြဲစားရသလား ဝေ့ရင်း..မတော်လို့ နင်နေရင် ဘယ်လိုလုပ်မလဲ။"ရေသောက်ပြီးမှ..အနည်းငယ်နေသားကျသွားတဲ့ ဝေ့ရင်း..မျက်လုံးဝိုင်းလေးများနဲ့
"လန်ကျန့် ငါနန်းဆောင်ထဲနေရတာ ပျင်းလာပြီ..""ဒါဆို ကိုယ်တော်နဲ့တနေရာကို လိုက်ခဲ့.."
"အင်း...".(မငြင်းရှာဘူး😂)
လန်ကျန့် ဝေ့ရင်းရဲ့ မျက်လုံးလေးတွေကို
ပုဝါဖြူဖြူလေးနဲ့စည်းပြီး ခေါ်သွားပါရော.."လန်ကျန့်..မရောက်သေးဘူးလား..လမ်းရှောက်ရတာ မောလာပြီ.."
"ရောက်တော့မယ်ဝေ့ရင်း..ခဏလေးပဲ.."
အရှေ့က ကြာကန်ကြီးက အရမ်းလှပတယ်လေ..ယွီနိုင်ငံကိုမသွားခင်မှာ..ဝေ့ရင်းကို သူကတိပေးခဲ့တယ်လေ..ဒါကြောင့် ဝမ်နင်ကို ကြာကန်ဆောက်ခိုင်းခဲ့တာ။
သူ့ရှေ့က အဖြူရောင်ဇာပုဝါဖြူလေးကို ဖြည်ပေးလိုက်တော့..
မျက်လုံးဝိုင်းလေးများနဲ့.. ကြာကန်ကြီးကိုကြည့်ပြီး ခုန်ပေါက်နေပြန်တဲ့ ဝေ့ရင်း..
YOU ARE READING
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Historical Fictionနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။