Ep(22)😘

7.9K 626 7
                                    

ထိုက်ချန်းတောင်တော်ကို ခရီးထက်ဆက်ကြတာပေါ့.. ဒါပေမဲ့ ထင်သလို စောစောမရောက်ဖြစ်ခဲ့ပါ။မိဖုရားရဲ့ကျန်းမာရေးကြောင့် မြင်းလှည်းကိုအမြန်မောင်းလို့မရတဲ့အတွက် ၃ရက်ခရီးဟာ..၅ရက်လောက်ကြာခဲ့လေတယ်။

ခရီးတဝက်ကစထွက်လာချိန်ကစလို့..ဝေ့ရင်းဟာသတိလုံးဝပြန်မလည်လာသေး​ေပ။လန်ကျန့်ကတော့ သူ့မိဖုရားနိုးလာဖို့ပဲမျှော်လင့်နေပုံ...ဒါပေမဲ့အချည်းနှီးသာ..

၅ရက်ပြည့်တဲ့နေ့မှာတော့..ထိုက်ချန်းတောင်တော်ကို လန်ကျန့်တို့ရောက်လာခဲ့တော့တယ်။မိဖုရားကို ပွေ့ချီပြီး နတ်ဆေးသမားတော် ရှိရာ ဘုံကျောင်းကြီးထဲ
လန်ကျန့်နဲ့ဝမ်နင် ဝင်လာခဲ့ပြန်တယ်။

"အားယန်.. ဆေးပစ္စည်းတွေ အကုန်စုံပြီလား။"

"ရှီဖော်..ဆေးက လိုတဲ့အရွက်ရှိသေးတယ်။
အားယန် မိန်းမပျို ပန်းကိုရှာမတွေ့ဘူး။"

"ဝမ်နင် အားယန်လေးနဲ့ဆေးရွက်လိုက်ခူးပေးလိုက်ပါ။"
လန်ကျန့်ရဲ့အမိန့်ကြောင့် ဝမ်နင်မှာ..
"အမိန့်တိုင်းပါ.. မင်းကြီး။"

နတ်ဆေးသမားတော် လိုအပ်တဲ့ အရွက်ကို
ကြည့်ပြန်တော့.."မဟုတ်သေးဘူး အားယန်
ဒီမှာ နတ်ကြိုးကြာရဲ့အမြူတေပါလိုသေးတယ်.."

"ဗျာ...ရှီဖော် အားယန် အားယန်ရဲ့ ကြိုးကြာလေးကိုတော့ မလုပ်ပါနဲ့... အားယန်မလုပ်ရက်ဘူး။"

"တခြားအစားထိုးရတဲ့ပစ္စည်းရှိရင် အားယန်ရှာပေးပါ့မယ်.. ကြိုးကြာလေးကိုတော့
အသက်ချမ်းသာပေးပါ။"

"ဒီကလေးအတော်ပိန်းတာပဲ..နတ်ကြိုးကြာ
ဆိုတာ မြေကြီးထဲမှာ ဉတဲ့အပင်တမျိုး...
သက်ရှိကြိုးကြာမဟုတ်ဘူး။"

အဲ့ဒီတော့မှ ငိုမဲ့မဲ့မျက်နှာလေးအရောင်ပြောင်းသွားတော့တယ်။
"ရှီဖော် တကယ်ပြောတာလား.."

"ကဲ..သွားတော့ မိုးမချုပ်ခင် လိုအပ်တဲ့ဆေးရွက်တွေ သွားရှာလာခဲ့ အားယန်။"

"ဟုတ်..ရှီဖော်.."

ဝမ်နင်နဲ့ အားယန်လေးနဲ့ထွက်သွားတော့မှ
လန်ကျန့် နဲ့ နတ်ဆေးသမားတော် ချီရှားချီ
တို့နှစ်ဦးစကားပြောဖြစ်ကြတယ်။
ဝေ့ရင်းကို ကုတင်ပေါ်တင်ထားပြီး အနားယူထားစေတယ်။

တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed) Where stories live. Discover now