"ဝေ့ရင်း မငိုနဲ့တော့နော် ကိုယ်ပြန်လာပြီပဲ
ကိုယ်ရှိနေသရွေ့ ဝေ့ရင်းနဲ့ကိုယ်တို့ရဲ့ရင်သွေးလေး ဘာမှမဖြစ်စေရဘူး။""အဟင့်..လန်ကျန့်..အဟင့်..ငါဗိုက်ဆာတယ်.. ပြီးတော့ သူတို့ယူလာတဲ့စားစရာတွေငါမစားချင်ဘူး.."
"ဒါဆိုရင် ဝေ့ရင်းက ဘာစားချင်လို့လဲ.."
"ငါ မင်းကိုစားချင်တာ..လန်ကျန့်.."
ဝေ့ရင်းရဲ့စကားကြောင့် လန်မင်းကြီး မျက်လုံးတွေပြူးကျယ်သွားခဲ့တယ်..
"ဝေ့ရင်း ကိုယ့်ကိုစားလို့ဘယ်ရမလဲ ကိုယ်ကို့စားလိုက်ရင် ဝေ့ရင်းနဲ့ဒီဗိုက်ထဲကကလေးလေးကို ဘယ်သူကစောင့်ရှောက်ပေးမှာလဲ ပြောလေ..."
"ဒါလည်းဟုတ်တာပဲ.."
ပြောပြောဆိုဆို ဝေ့ရင်းကိုယ်ပေါ်ပေပွမှောက်ထားတဲ့ဟင်းရည်တွေကြောင့်..
"လန်ကျန့် ငါ့ကိုယ်တွေ ယားလာပြီ ရေချိုးပေးစမ်းပါ။"ဝေ့ရင်းရဲ့စကားကြောင့်..ဘာမှရှည်ရှည်ဝေးဝေးမပြောတော့ပဲ.."အင်းချိုးပေးမယ်။"
ဝေ့ရင်းကိုယ်လေးကို ပွေ့ချီသွားပြီးရေချိုးဆောင်ဘက်ထွက်ခဲ့တော့တယ်။
"မော့ကုန်းကုန်း.. ဝမ်ဖေးရဲ့အဝတ်တွေယူပြီးချထားခဲ့လိုက်။""ဟုတ်ကဲ့..မင်းကြီး။"
ရေချိုးဆောင်ထဲ ရောက်ပြန်တော့ ဝေ့ရင်းကိုအသာချလိုက်ပြီး အင်ကျီတွေကို စိတ်ရှည်လက်ရှည် ချွတ်ပေးပြီး ရေချိုးပေးနေပြန်တယ်။
"လန်ကျန့်...ငါ့ကိုစိတ်ကုန်နေပြီလားဟင်.."
ဝေ့ရင်းရဲ့အမေးကြောင့်.. လန်ကျန့် ခေါင်းခါပြလိုက်ပြီး..
"ဟင့်အင်း စိတ်မကုန်တဲ့အပြင် ဆုံးရှုံးမှာတောင်ပိုကြောက်မိတာ
ဝေ့ရင်း။"မျက်လုံးဝိုင်းလေးများနဲ့ ပြန်ကြည့်ပြီးတော့
"လန်ကျန့်..ငါ့ကိုမလွမ်းဘူးလား။"ရေချိုးပေးနေတဲ့လက်တွေကလှုပ်ရှားနေပေမဲ့.."ကိုယ်မညာတမ်းပြောရရင် လွမ်းတယ်။"
"ဒါဆို ငါနဲ့ အတူနေပေး..ငါလိုချင်လို့..."
"ဝေ့ရင်းမဆိုးနဲ့..ဆင်ခြင်သင့်တယ်။"
YOU ARE READING
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Historical Fictionနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။