Ep(13)😘

12.7K 795 57
                                    

ကူစူးမြို့ကိုရောက်တာနဲ့ အကောင်းဆုံးတည်းခိုဆောင်မှာ တည်းခိုကြတယ်။
မော့ကုန်းကုန်းကပဲ အားလုံးစီမံပေးရပြန်တယ်။

ညနေစောင်းအချိန်လောက် မြို့ထဲဝင်ခဲ့ကြတဲ့ အတွက် စျေးလမ်းလေးမှာ လူစည်စပြုလာပြီလေ...

ဒါကို လိုက်ကာစလေးလှန်ပြီး အပြင်ကိုမျက်စိအပြူးသားလေးနဲ့လိုက်ကြည့်နေပြန်တဲ့ဝေ့ရင်းကြောင့် လန်ကျန့် သူ့နားပြန်ဆွဲခေါ်ရတယ်။
"ဝေ့ရင်း ခဏနေ အပြင်သွားရမယ် ငြိမ်ငြိမ်နေမဟုတ်ရင် ကိုယ်တော်မပို့ပေးပဲနေလိုက်မယ်နော်။"

"ဟုတ်.."
နှုတ်ခမ်းက စပြီးစူလာပြန်ပြီ သူ့ကိုဆူတာဖြစ်ဖြစ်ငေါက့်တာဖြစ်ဖြစ်ပြောမိလိုက်ကြည့် အကျင့်ကအဲ့လိုမျိုး..
"အဲ့နှုတ်ခမ်းက ဘာလိုစူနေတာလဲ..ဘာလဲအလိုဆန္ဒတွေမပြည့်ဝသေးလို့လား။"

"အဟင့်..နှာဘူးကြီး.. ငါ့ကိုပဲအပြစ်ရှာနေတယ်"
စပ်စလူးငိုနေပါပြီ..
လန်ကျန့်က သူ့ကိုစလိုက်တာကို စိတ်ကောက်သွားပြီးငိုနေတာ တအင့်အင့်နဲ့ မဆုံး...

မော့ကုန်းကုန်းရဲ့ အသံကြားတော့မှ.အငိုတိတ်ပြီး ငြိမ်သွားပါလေရဲ့...
"မင်းကြီး..အရှေ့ဆိုရင် တည်းခိုဆောင်ရောက်ပါပြီ.."

"ကောင်းပြီ.. "

"ဝေ့ရင်းမငိုနဲ့တော့ ကိုယ်တော်ကချစ်လို့စတာကို..စိတ်မဆိုးနဲ့တော့..ဒီအဆိုးလေးကို ချစ်လို့စမိတာ.. လာ.."

ဝေ့ရင်းရဲ့ကိုယ်လုံးလေးကို ပွေ့ခေါ်သွားတဲ့
လန်ကျန့်ကြောင့် ရှက်ရှက်နဲ့ပဲရင်ခွင်ထဲမျက်နှာဖွက်ပြီးချွဲနေပြန်တဲ့ဝေ့စပ်စလူး..

"အဟင့်..လန်ကျန့်..အဟင့်..ငါ့ကို.."

"ဘာဖြစ်ရပြန်..ဝေ့ရင်း.."

"အဲ့လောက်ထိမစနဲ့..ငါစိတ်ဆိုးတယ်..အဟင့်.."

(စပ်စလူးကစိတ်ဆိုးတယ်တဲ့..ကြားကြတယ်နော် မစကြနဲ့..ငါကစလို့ရတယ်..ဟီးဟီး 😂)

တည်းခိုဆောင်ထဲရောက်တာနဲ့ "ဝေ့ရင်း
ရေချိုးကြမယ်..ပြီးမှ ညစျေးတန်းလိုက်ပို့ပေးမယ်။"

"အင်း.."
ပြောပြီးရေချိုးဆောင်ထဲဝင်သွားပြန်တဲ့ဝေ့ရင်း...လန်ကျန့်ကတော့နောက်မှအင်ကျီယူ၍လိုက်သွားရပြန်တယ်။
ကဲရှင်ဘုရင်လဲဝေ့စပ်စလူးနဲ့တွေ့ရင်အစေခံလေးကိုဖြစ်လို့ပါနော်..သူ့မယားကဆိုးသလားမမေးနဲ့လေခုပဲ ကြည့်ပါလား
ဝတ်စရာအဝတ်မယူပဲရေချိုးဆောင်ထဲဝင်သွားတာပြန်ထွက်လာရင် ဘယ်လိုလာမလဲသိချင်မိပါရဲ့.. ဟဲဟဲ..လုံးတစ်တစ်လေးနေမှာပဲ🤣🤣

တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed) Donde viven las historias. Descúbrelo ahora