မြို့ပြရဲ့အငွေ့အသက်တွေကိုစိတ်ကုန်လာတဲ့ မိသားစုလေးဟာ.ခုချိန်အခါမှာ အေးချမ်းလှတဲ့တောရွာလေးဆီ အလည်သဘောမျိုးနဲ့ရောက်ရှိနေကြရှာတယ်။
"ပါးပါးဝေ့ မီးမီးရှေ့ကပန်းခင်းကြီးထဲလမ်းရှောက်ချင်တယ် ကားရပ်ပေးပါ ပါးပါး။"
"ရှန့်အယ်လေး ပါးရဲ့သမီးက လိမ်မာတယ်
နော် ညနေစောင်းနေပြီးသမီးရဲ့..
မနက်ဖြန်မနက်မှ ပါးပါးတို့ လမ်းရှောက်ထွက်ကြမယ်နော်။""ဟုတ်ကဲ့ ပါးပါးဝေ့..မနက်ဖြန်မှ ပါးပါးနဲ့အတူလမ်းရှောက်ထွက်တော့မယ်။"
ခရီးထွက်လာကတည်းက ကားပေါ်အိပ်ပြီးပါလာခဲ့တဲ့ အကြီးကောင်လေး လန်ဝမ်ရှန့်ကတော့ အိပ်ပုပ်ကြီးနေဆဲ။
ညီမဖြစ်သူက ဒါကိုအခွင့်ကောင်းယူပြီး
သူ့အကိုမျက်နှာမှာ ပန်ချီဆွဲဖို့ယူလာတဲ့ဆေးတွေနဲ့ ပုံဆွဲထားပြန်တယ်။
ဝေ့ရင်းကတော့ ရှေ့က ကားမောင်းနေရတော့ ကလေးတွေဆီ အာရုံသိပ်မစိုက်အားပေ။သမီးဖြစ်သူရဲ့ လက်ဆော့မှုက အားလုံးအတွက်ရယ်စရာလိုလို...တရွေ့ရွေ့နဲ့တောင်ပေါ်ကားလမ်းလေးမှာ ရွေ့လျားနေတဲ့ ကားဖြူလေးတစ်စီးဟာ
အေးမြတဲ့ လေပြေညှင်းတွေနဲ့ ခရီးဆက်နေဆဲ။လန်ကျန့်ကတော့ သူတို့သားဖတွေနဲ့အတူ ပါမလာပါ။
Company ကအရေးကြီးအလုပ်တွေကို လက်စသတ်ပြီးမှလိုက်သွားရန် ချစ်ရသူကိုမှာလိုက်ေလခြင်း။စိမ်းစိုစို လက်ဖက်ခင်းကြီးတွေနဲ့ ပန်းတွေ ဝေဝေဆါဆာရှိတဲ့ လမ်းတစ်ရှောက်ဟာ
မြင်ရသူအဖို့ စိတ်ထဲပျော်ရွှင်စေမိတာအမှန်ပါ။
ကလေးနှစ်ယောက်ကတော့ နောက်ခန်းထဲ အိပ်မောကျနေပြန်ပြီ..ဝေ့ရင်း
ကလေးနှစ်ယောက်ကိုတချက်ကြည့်ပြီး
သူကျေနပ်နေပြန်တယ်။
သူနဲ့လန်ကျန့်ရဲ့ ချည်နှောင်ခြင်းလေးက
ဒီကလေးနှစ်ယောက်ကသက်သေပဲလေ။
အမွှာကလေးနှစ်ယောက်ဟာ သိပ်ချစ်ဖို့ကောင်းတယ်။
သူတို့နှစ်ယောက် အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတာ လောကပေါင်းမနည်းတော့ချေ။
ဘဝအဆက်ဆက် ချစ်ခြင်းမည်တဲ့ အချစ်မျိုးနဲ့သာ ချစ်ရသူကိုသစ္စာတရားတွေနဲ့ချစ်ခင်နေချင်တာ။
သားနဲ့သမီးက ဝေ့ရင်းရဲ့ အသက်တမျှချစ်ရတဲ့ ကိုယ်ပွားလေးတွေမို့ အမြဲဂရုတစိုက်
ကြည့်ရှု့နေရတာပေါ့။
ခုလည်း တောရွာလေးဆီ ကလေးတွေကို
အလည်ခေါ်လာခဲ့မိခြင်း။
ဗုဒ္ဓကျောင်းတော်မှာ ပန်ချီပညာရပ်တချို့လာရောက်လေ့လာရင်းပေါ့..
YOU ARE READING
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Historical Fictionနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။