Ep(76)😘

3.3K 271 11
                                    

ဘဝရဲ့ဖြစ်တည်ခြင်းတွေ လွန်ဆွဲတဲ့အချိန်က စိတ်ဆုံးဖြတ်ချက်တွေ ခိုင်မာမှုမရှိချိန်ပဲ။အကောင်းနဲ့အဆိုးကြားမှာ ဖြစ်တည်မှုတိုင်းကအစ နည်းသည်ဖြစ်စေများသည်​ဖြစ်စေ လက်ခံသင့်ချိန်ပဲ.. အတိုင်းအဆဆိုတာ ချင့်ချိန်မှုတခုပါ။
ဝေးခြင်းနီးခြင်းနဲ့ မဆိုင်ပါဘူး။

"မယ်တော်.."

"ကျွင်းအော် ဘာဖြစ်လို့လဲ.."

"ခမည်းတော်မင်းကြီးကို မယ်တော်အရမ်းချစ်ခဲ့လား။"

"မယ်တော်ကအချစ်မရှိခဲ့ပဲ သားတော်ကိုမွေးဖွားပါ့မလား။မယ်တော် အချစ်ကို မကိုးကွယ်ပေမဲ့ မင်းကြီးအပေါ်ကိုတော့ ချစ်မေတ္တာမခမ်းဘူး။ဘဝရဲ့ဖြစ်တည်မှုကို မယ်တော်လက်ခံပေးခဲ့တယ် ကောင်းတူတူဆိုးတူတူပဲ...မညိုငြင်ဘူး။"

"ကျွင်းအော် မိုးကအရမ်းရွာနေတယ်..သားတော်အဆင်ပြေရဲ့လား။"

"ဒါ သို့သို့ရဲ့လက်ချက်ပဲ မယ်တော် နဂါးမလေးသို့သို့လေ.."

"သူကဘယ်သူလည်း သူနဲ့ဘယ်လိုဆုံတာလည်း သားနဲ့ဘယ်လိုသိတာလည်း။"

"နန်းတော်ထဲကကြာကန်မှာဆုံဖူးတာ..
သို့သို့က လူ့ပြည်မှာမိုးရွာအောင်ဖန်တီးပေးရတာလို့ သားတော်ကိုပြောပြတာ။
သူက ပိုင်နဂါးမင်းကြီးရဲ့ သမီးငယ်လို့ပြောတယ်။"

"အော်..ဒီလိုလား.."

"မယ်တော်ဆီက ကျွင်းအော်ခွင့်တောင်းမလို့ပါ..သို့သို့နဲ့ကျွင်းအော်က သူငယ်ချင်းတွေလိုဖြစ်နေပြီ..သို့သို့နဂါးတိုင်းပြည်ပြန်ရင် ကျွင်းအော်အလည်အပတ်လိုက်သွားမလို့ပါ မယ်တော်။
မယ်တော်ခွင့်ပြုမှ ကျွင်းအော်လိုက်သွားမှာပါ။"

"မယ်တော်ခွင့်ပြုပါတယ် တခုပဲ..
သားတော်ကို စိုးရိမ်တယ် ရုပ်ဖျက်ပြီးသွားရမယ်။"

"အမ်း...ကျွင်းအော်က ရုပ်ဖျက်ပြီးသွားရမယ်ဟုတ်လား မယ်တော်.."

"သားတော်ကရုပ်ချောလွန်းတော့ နဂါးမလေးတွေက ပြန်မလွှတ်ပဲနေရင်မယ်တော်ရင်ကျိုးရမှာ..ဒါကြောင့်ပါ။"

"သားတော် သဘောပေါက်ပြီ.. ခစ်ခစ်ခစ်
သားတော်ကိုစိတ်ချပါမယ်တော် လုံးဝမျက်နှာမမြင်အောင်ဖုံးကွယ်ထားမှာမို့ သားတော်ရုပ်ချောတာ အားလုံးက မသိစေရဘူး။ရုပ်ဆိုးအောင် မျက်နှာမှာ ပန်းကနုတ်နဲ့ရုပ်ဖျက်ထားပါ့မယ်။"

တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed) حيث تعيش القصص. اكتشف الآن