ချွေ့ယန် အိပ်မွေ့ချခြင်းအတတ်ကို အသုံးပြု၍ နဂါးနန်းဆောင်ကိုစောင့်ကြပ်နေကြတဲ့ ရဲမက်တချို့ကို အိပ်ခိုင်းထားပြန်ရော...
ချွေ့ယန်ထက်လက်ဦးသူက ဝမ်ချင်း..
လသာဆောင်ဘက်မှာ အိပ်မရမဲ့အတူတူ
ဝေ့ရင်းနဲ့နှစ်ယောက်သား ထိုင်၍ စကားပြောနေကြတယ်။"လန်ကျန့် အရှင်မင်းကြီး.. ဝေ့ရင်းကြောင့်
အိပ်လို့မရတာမဟုတ်လား။ဝေ့ရင်း တောင်းပန်ပါတယ် ..""မဆိုင်ပါဘူး ဝေ့ရင်း ကိုယ်ကဝေ့ရင်းအနားမှာ အမြဲတမ်းအဖော်ပြုပေးနိုင်အောင်နေသင့်တာမဟုတ်လား။
အားမငယ်ပါနဲ့ ကိုယ်ကအဆင်ပြေတာမို့
ဝေ့ရင်းစိတ်ထဲမထားပါနဲ့..နေသာသလိုနေပါ။""ဟုတ်..အရမ်းချစ်တယ် လန်ကျန့်.."
လန်ကျန့်ရင်ခွင်ထဲနေ၍ စကားတွေပြောနေပြန်တဲ့ ဝေ့ရင်း ကလေးလိုချွဲနေတာ။ညလေညှင်းတွေက အေးချမ်းမှုအပြည့်အဝ
ရှိတယ် "ဝေ့ရင်း..လေတိုက်သိပ်မခံနဲ့ အဖျားဝင်မှာစိုးလို့ပါကွာ..""လန်ကျန့်ငါ့နားမှာရှိရင် ငါနေမကောင်းမဖြစ်ဘူး..အဲ့ဒါမင်းအချစ်တွေနဲ့မို့ ငါဘာကိုမှမကြောက်တာ..လန်ကျန့်ရ။"
"ကိုယ်က စိတ်ပူလို့ပါ ဝေ့ရင်း..အခုဆို ဝေ့ရင်းမှာ ကိုယ်တို့ရဲ့ရင်သွေးလေးကို လွယ်ထားရတာမဟုတ်လား။ဝေ့ရင်းနေကောင်းမှ ကိုယ်တို့ရဲ့ကလေးလေးက အဆင်ပြေပြေနဲ့ ရှင်သန်လာမှာပေါ့.."
"အင်းပါ..ဝေ့ရင်း ဂရုစိုက်ပါ့မယ် လန်ကျန့်။"
"နန်းဆောင်ထဲပြန်ရအောင် ဝေ့ရင်း။
ညနက်နေပြီ အိပ်သင့်ပြီထင်တယ်။""အင်း ပြန်ရအောင်.."
တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ရင်း နန်းဆောင်ရှိရာဆီပြန်လာကြချိန်..လမ်းလေးအနည်းငယ်သာ ရှောက်ရသေး
ဝမ်ချင်းပစ်လိုက်တဲ့မြှားကြောင့် ဝေ့ရင်းကိုယ်ပေါ်က ဗီးနပ်စ်ရဲ့ ဒိုင်းကာကထွက်ပေါ်လာတော့တယ်။ဘေးက လန်ကျန့်ကိုပါ ကာရံထားပေးတဲ့
ဗီးနပ်စ်ရဲ့ ဒိုင်းကာဟာ အရမ်းကို ထည်ဝါခန့်ညားလှတယ်။အနီရောင် ရွှေဝါရောင် ရောယှက်နေတဲ့ အလင်းတန်းလေးက လူနှစ်ယောက်ကို
ကာကွယ်ပေးထါးလေတယ်။
YOU ARE READING
တော်ဝင်ချစ်သူ စပ်စလူးလေး😘 (Completed)
Historical Fictionနန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ်နာစေလိုခြင်း လုံးဝမရည်ရွယ်ပါ။